// | DailyBriefNews နိုင်ငံတော်သမ္မတ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနား တက်ရောက် -

နိုင်ငံတော်သမ္မတ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနား တက်ရောက်

The current image has no alternative text. The file name is: photo_2026-08-22_08-51-06.jpg

ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၆

ဘယ်လာရုစ်နိုင်ငံဆီ တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဟာ ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ မင့်စ်မြို့ Dipservice Hall ၌ ကျင်းပခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားဆီ တက်ရောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတဟာ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး တည်ဆောက်မယ့် မြေနေရာဆီ သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သံရုံးဖွင့်လှစ်ပွဲ အခမ်းအနားဆီ နိုင်ငံတော်သမ္မတနဲ့အတူ ခရီးစဉ်မှာ လိုက်ပါလာကြတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး
Next post အာဆင်နယ်က ကိုဗင်ထရီကို ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး ပရီးမီးယားလိဒ် အဖွင့်လှပခဲ့