// | DailyBriefNews ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်လေ့လာ -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်လေ့လာ

ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၆

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတသည် ယနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။

စက်ရုံ၌ တာဝန်ရှိသူများက Grodno Azot ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ဓာတ်မြေဩဇာများ နှစ်အလိုက်ထုတ်လုပ်နိုင်မှု၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်မှုနှင့် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပံ့ပိုးပေးနေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
Next post မြန်မာ့ဂီတလောကရဲ့ ဂန္ထဝင်အနုပညာရှင် မြန်မာပြည်သိန်းတန်ရဲ့ “ဂန္တဝင်သီချင်းဂီတည” တေးဂီတ Music Concert ဖျော်ဖြေပွဲ မြဝတီစင်တာမှာ ဩဂုတ်လ ၂၂ ရက် ကျင်းပမည်