// | DailyBriefNews ငဝန်ရေကာတာကျိုးပေါက်မှု လေးမျက်နှာမြို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချိုတိုတွင် ရေကြီးရေလျှံ မှုများ ဆက်လက်ဖြစ်ပွား -

ငဝန်ရေကာတာကျိုးပေါက်မှု လေးမျက်နှာမြို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချိုတိုတွင် ရေကြီးရေလျှံ မှုများ ဆက်လက်ဖြစ်ပွား

ဩဂုတ်လ ၁၇ ရက်၊ ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ် ရေကာတာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုအပါအဝင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်း မြို့နယ်များရှိ ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအချို့တို့တွင် ရေဝင်ရောက်မှုများ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။

ရေဘေးသင့် ပြည်သူများအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံများ ပူးပေါင်းကာ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားပါတယ်။ ရှာဖွေကယ်ဆယ်ရေး၊ စားနပ်ရိက္ခာများ ပို့ဆောင်ပေးခြင်းနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိပါတယ်။

ရေဝင်ရောက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် Geobags (သဲအိတ်ကြီးများ) ချခြင်း၊ မျောထုတ်တန်းများတွင် သဲအိတ်များ ဖြည့်ကန်ခြင်းနှင့် Steel Sheet Pile (သံမဏိတိုင်များ) ရိုက်သွင်းခြင်း စသည့် တမံပြန်လည် ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရားများ၊ လုပ်အားစုများ အသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post USDP နှင့် ဘယ်လာရုစ် Belaya Rus ပါတီတို့ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ဆွေးနွေး
Next post မြန်မာ-ရုရှား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေး နိုင်ငံတော်သမ္မတ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်ထွက်ခွာ