// | DailyBriefNews ၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူး ရရှိခဲ့ -

၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ ၁ ခု၊ ငွေ ၃ ခု ဆွတ်ခူး ရရှိခဲ့

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ၏ ဆုတံဆိပ်များ ပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ် ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲအမျိုးအစား ၆ မျိုး၌ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် အမျိုးသား လေးယောက်တွဲ ပြိုင်ပွဲ၌ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့ပြီး မြန်မာအသင်းအတွက် ပထမဆု ရွှေတံဆိပ် ၁ ခုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ထို့ပြင် အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတိုတွင်လည်း ဒုတိယဆု ငွေတံဆိပ် ၁ ခုစီ ထပ်မံဆွတ်ခူးနိုင်ခဲ့သဖြင့် စုစုပေါင်း ရွှေတံဆိပ် ၁ ခုနှင့် ငွေတံဆိပ် ၃ ခုဖြင့် ပြိုင်ပွဲကို အောင်မြင်စွာ ရလဒ်ကောင်းများ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ (International Youth Day – 2026 ) အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Next post ရန်ကုန်မြို့လယ် လေးမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတင်ရသူ ၁၈၀ ကျော်အနက် ပြင်းထန်ပိုးတွေ့သူ ၅၄ ဦးရှိပြီး ၁ ဦး သေဆုံး