// | DailyBriefNews ဧရာဝတီအမျိုးသမီးအသင်း ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ် -

ဧရာဝတီအမျိုးသမီးအသင်း ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ်

ဇူလိုင် ၁၈၊ ၂၀၂၆

ဧရာဝတီအမျိုးသမီးအသင်းဟာ ဒီကနေ့မှာပဲ ယခင်နည်းပြချုပ် ဦးအောင်ကျော်ဇံနဲ့ နှစ်ဖက်သဘောတူလမ်းခွဲပြီးနောက် ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို အစားထိုးခန့်အပ် တာဝန်ပေးလိုက်ကြောင်း သိရပါတယ်။

ဦးအောင်ကျော်ဇံဟာ ပြီးခဲ့တဲ့ရာသီက ဧရာဝတီအမျိုးသမီးအသင်းကို မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲအောင် စွမ်းဆောင်ပေးထားပြီး ဒီရာသီ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲဝင်ခွင့်ရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

ယခု နည်းပြသစ်ဖြစ်လာသူ ဂျပန်အမျိုးသမီး ကူမီကိုဟာ မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက အာရှဖလား ယူ- ၁၇ အမျိုးသမီးပြိုင်ပွဲကို  ခြေစစ်ပွဲအောင်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ဂျပန်အမျိုးသမီးနည်းပြ ကူမီကိုကို တာဝန်ပေးခန့်အပ်လိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့​ပေမဲ့ စာချုပ်သက်တမ်းကို မဖော်ပြခဲ့တာကြောင့် တစ်ရာသီစာချုပ်သက်တမ်းသာ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီအတွက် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်ကစားသမား ရီတု၊ ဖိလစ်ပိုင်ကစားသမား အလစ်ဆာတို့ကို ခေါ်ယူထားသလို အသင်းမှာ လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ ဖြူဖွေး၊ ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နော်ထက်ထက်ဝေ၊ စန်းသော်သော်၊ စုစုခင်၊ ခင်မိုးဝင်း၊ မေထက်လူ အစရှိတဲ့ ကစားသမားကောင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။

လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၅) အပြီးမှာ ISPE အသင်းအောက် (၃) မှတ်အကွာနဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေလျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လဆန်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အတည်ပြု၊ ကော့ခ်မြစ်ညစ်ညမ်းမှုအပါအဝင် နယ်စပ်ဖြတ်ကျော် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ ထည့်သွင်းဆွေးနွေးသွားရန် မျှော်လင့်
Next post မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းပွဲကို FPT Play ကနေပြသမယ်လို့ VFF ကြေငြာ