// | DailyBriefNews ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2026 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ကိုယ်စားပြုအနေနဲ့ Miss Supranational Myanmar 2026 အလှမယ် ဇင်မိုးပြည့် သွားရောက်ယှဉ်ပြိုင်မည် -

ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational 2026 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ကိုယ်စားပြုအနေနဲ့ Miss Supranational Myanmar 2026 အလှမယ် ဇင်မိုးပြည့် သွားရောက်ယှဉ်ပြိုင်မည်

ဇူလိုင်လ ၁၃ ရက်၊ ၂၀၂၆

ပိုလန်နိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် ” Miss Supranational 2026 ” ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်မယ့် Miss Supranational Myanmar 2026 အလှမယ် ဇင်မိုးပြည့်က ယနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာခဲ့ပါတယ်။

“မိုးပြည့်လည်း အကောင်းဆုံးဆိုတဲ့ Placement နေရာတစ်ခုကို လိုချင်ပါတယ်။ ကိုယ်ပြင်ဆင်ထားတဲ့ အတိုင်း ဘယ်လောက်အထိ ချပြနိုင်မလဲဆိုတာ ရင်ခုန်တာပေါ့။ လက်ရှိမှာတော့ မိုးပြည့် တတ်စွမ်းသလောက် သင်ကြားလေ့လာထားတာမို ဘာလိုမလဲဆိုတာ မပြောတတ်သေးပါဘူး။ မိုးပြည့်ကိုယ်တိုင်လည်း စိုးရိမ်စိတ်မရှိအောင် ပြင်ဆင်ထားတာပေါ့နော်။ အဲ့ဒါကြောင့် မိုးပြည့်ရှိသလောက် ကိုယ်စွမ်းဉာဏ်စွမ်းတွေ ထုတ်ပြီး အစွမ်းကုန်ကြိုးစားမယ်လို အားလုံးကို ပြောချင်တယ်ပေါ့နော်။ နေ့တစ်နေ့မှာ ခွန်အားအပြည့်နဲ့ စတင်ထွက်ခွာယှဉ်ပြိုင်ဖို စွမ်းအားအပြည့်နဲ့ ကိုယ်တိုင်ပြင်ဆင်ထားတာလည်း အများကြီးရှိပါတယ်။ အဲ့ဒါကြောင့် စိတ်ပျက်မှုမရှိစေရပါဘူး။ မိုးပြည့်က အင်္ဂလိပ်စာကို အရမ်းကျွမ်းကျင်တဲ့သူ မဟုတ်တာမို ပြောတတ်သလိုတော့ အကောင်းဆုံးပြောဆိုဖိုပြင်ဆင်ထားပါတယ် “လို  Miss Supranational Myanmar 2026 ဇင်မိုးပြည့်က ပြောပါတယ်။


အဆိုပါ ပြိုင်ပွဲကို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်း၊ ပြင်သစ်၊ စပိန်၊ ဘရာဇီး၊ ကနေဒါ၊ UK ၊ US ၊ ပါရာဂွေး၊ ဖိလစ်ပိုင်၊ ဗင်နီဇွဲလာ၊ ဩစတြေးလျ၊ ဒိုမီနီကန်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ နိုင်ငံတွေနဲ့ အတူ ဇင်မိုးပြည့်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။


သူမကတော့ အဆိုပါ ပြိုင်ပွဲမှာ မြန်မာမှုတွေ အဓိကထား ချပြသွားမှာဖြစ်ပြီး ကိုယ့်ရဲ့ National Costune အပြင် တခြားဝတ်စုံတွေတိုင်းမှာ မြန်မာမှုအနှစ်သာရတွေ ထည့်သွင်းကာ ဝတ်စုံအထည် ၅၀ နီးပါး ချပြသွားမယ်လို သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အမျိုးသားစာပေဆု သုံးဆုရှင် နာမည်ကျော်စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း ယနေ့ကွယ်လွန်
Next post အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်ကိုဒုံးကျည် ၁,၀၀၀ ချိန်ထားပြီး တစ်နိုင်ငံလုံး လုံးဝဖျက်ဆီးမည်ဟု ပြောကြား