မြန်မာ FIFAe Football (Mobile) အသင်း ကမ္ဘာ့ဖလားဝင်ခွင့်ရရှိရန် နီးစပ်၊ အာရှအဆင့် ၆ သင်းစာရင်းဝင်
ဇူလိုင် ၁၀၊ ၂၀၂၆
FIFAe Football (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာအသင်းသည် ယနေ့ကျင်းပခဲ့သည့် ရှုးထွက်အဆင့်ပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့သော်လည်း Consistency Ranking အရ အာရှဒေသ၏ နောက်ဆုံးအဆင့် Top 6 အသင်းများစာရင်းတွင် ပါဝင်နိုင်ခဲ့ကြောင်း သိရပါတယ်။
Consistency Ranking အရ အရှေ့အာရှဇုန်တွင် မြန်မာအသင်းနှင့်အတူ အိမ်ရှင် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယတို့လည်း Top 6 စာရင်းတွင် ပါဝင်ခဲ့ပါတယ်။
ယင်းရလဒ်ကြောင့် မြန်မာအသင်းသည် FIFAe World Cup (Mobile) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရန် အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့ပြီး မြန်မာ eFootball သမိုင်းတွင် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ရန် နီးစပ်လာပြီးဖြစ်ကြောင်း သိရပါတယ်။
မြန်မာအသင်း၏ စွမ်းဆောင်ရည်သည် အာရှဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ထပ်မံသက်သေပြခဲ့ပြီး နိုင်ငံတကာစင်မြင့်ပေါ်တွင် မြန်မာ eSports အတွက် မျှော်လင့်ချက်သစ်များ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း အားကစားအသိုင်းအဝိုင်းက သုံးသပ်လျက်ရှိပါတယ်။
