// | DailyBriefNews World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆ​န်ခါတင်စာရင်းဝင်နေ -

World MMA Awards မှာ ဂျိုရှူအာဗန် ဆုနှစ်ဆုအတွက် ဆ​န်ခါတင်စာရင်းဝင်နေ

ဇူလိုင် ၈၊ ၂၀၂၆

၁၇ ကြိမ်မြောက် World MMA Awards ပွဲကို ဇူလိုင် ၉ ရက် (အမေရိကန်စံတော်ချိန် ဇူလိုင် ၈) မှာ ကျင်းပမှာဖြစ်ပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်က ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်နေလျက်ရှိကြောင်း သိရပါတယ်။

Fighters Only Magazine က ဦးဆောင်ကျင်းပမယ့် ၁၇ ကြိမ်မြောက်  World MMA Awards ကို ဇူလိုင် ၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လပ်ဗေးဂတ်စ်မြို့ရှိ ဆာဟာရပြဇတ်ရုံမှာ ပြုလုပ်မှာဖြစ်ပါတယ်။

ယင်းဆုပေးပွဲတွင် ဆုအမျိုးအစားပေါင်း ၂၃ ခုအထိ ပေးအပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ 

Fighters Only Magazine ဟာ   ၁၇ ကြိမ်မြောက် World MMA Awards   ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အကြုံးဝင်သည့် ကမ္ဘာ့ပရိုမိုးရှင်းများက ကျင်းပခဲ့တဲ့  MMA ပွဲပေါင်း များစွာထဲက ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရပါတယ်။ 

Fighters Only Magazine က ဦးဆောင်ကျင်းပတဲ့ World MMA Awards ဟာ ကမ္ဘာ့ MMA လောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲဖြစ်ကြောင်း သိရပါတယ်။

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်ဟာ ယင်းဆုပေးပွဲတွင်  Fight Of The Year (တစ်နှစ်တာအတွင်း အကောင်းဆုံးတွဲဆိုင်းဆု) ဆုနဲ့ Breakthrough Fighter Of The Year (အတိုးတက်ဆုံးဖိုက်တာဆု) ဆုနှစ်ဆုအတွက် ဆန်ခါတင်စာရင်းအတွင်း ပါဝင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်ဟာ Fight Of The Year (တစ်နှစ်တာအတွင်း အကောင်းဆုံးတွဲဆိုင်းဆု) ဆုအတွက် ၂၀၂၅ ခုနှစ် ဇွန် ၂၈ ရက်က ကျင်းပခဲ့တဲ့ UFC -317  ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိင်ဗယ်နဲ့ ထိုးသတ်ခဲ့တဲ့ပွဲကို  ဆန်ခါတင်အဖြစ် ရွေးချယ်ခံထားရခြင်းဖြစ်ပါတယ်။

အဲဒီပွဲမှာ ဂျိုရှူအာဗန်က ဘရန်ဒန်ရွိင်ဗယ်ကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှူအာဗန်ဟာ Breakthrough Fighter Of The Year (အတိုးတက်ဆုံးဖိုက်တာဆု) ဆုအတွက် နယ်သာလန်ဖိုက်တာ ဒီရစ်ဒါ၊ အမေရိကန်ဖိုက်တာ ရှောင်ဘရက်ဒီ၊ ဘရာဇီးဖိုက်တာ ဂျင်ဆေးဗား၊ ဗြိတိန်အမျိုးသမီးဖိုက်တာ ဒါကိုတာတို့နဲ့အတူ ဆန်ခါတင်စာရင်းအတွင်း ပါဝင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Fighters Only Magazine က ကျင်းပတဲ့ World MMA Awards တွင် မြန်မာဖိုက်တာ အောင်လအန်ဆန်က ၂၀၁၈ ခုနှစ်အတွင်းက International Fighter Of The Year ဆုကို ရရှိခဲ့ဖူးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗီယက်နမ်-မြန်မာ ခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်နှုန်းထားများ VFF ထုတ်ပြန်
Next post ထိုင်းနိုင်ငံတွင် ဆင်ထိန်းအဖြစ် လာရောက်လုပ်ကိုင်သည့် ဗြိတိန်နိုင်ငံသူအမျိုးသမီးတစ်ဦးအား ထိုင်းနိုင်ငံသား ဘားဝန်ထမ်းက ထိုးကြိတ်မုဒိမ်းကျင့်