// | DailyBriefNews (၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးက အလှူငွေ ကျပ်(၂၅)သိန်း လှူဒါန်း -

(၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးက အလှူငွေ ကျပ်(၂၅)သိန်း လှူဒါန်း

ဇူလိုင်လ ၈ ရက်၊ ၂၀၂၆

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကြီးမှူးကျင်းပတဲ့ (၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်ရှိ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးအိမ်ရာ (လူရွှင်တော်ရွာ)မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က လှူဒါန်းတဲ့ အလှူငွေကျပ် (၂၅)သိန်း ကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ကိုယ်စားပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာ – ဘယ်လာရုစ် နှစ်နိုင်ငံအပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင် အသက်ဝင်
Next post ပါကစ္စတန်နိုင်ငံ K2 လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်းငါးဦးပါ ကုန်တင်လေယာဉ်တစ်စင်း အာရေဗျပင်လယ်ပေါ်၌ ပျောက်ဆုံး