// | DailyBriefNews တရုတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့် တစ်ရက်ကို လူဦးရေ ၅၀၀ နှုန်း ဝင်ရောက်ခွင့်ပေး -

တရုတ်သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့် တစ်ရက်ကို လူဦးရေ ၅၀၀ နှုန်း ဝင်ရောက်ခွင့်ပေး

တရုတ်နိုင်ငံသို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ဖြင့် တစ်ရက်ကို လူဦးရေ ၅၀၀ နှုန်း ဝင်ရောက်ခွင့် ပေးနေတယ်လို့ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရပါတယ်။ တရုတ်နိုင်ငံသို့ ဝင်ရောက်လိုသူများတာကြောင့် ရက်ချိန်း ပေးစနစ်ဖြင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာ ခွင့်လက်မှတ်(TBP)များကို ထုတ်ပေးနေပြီး  နန်းတော်ဂိတ်မှ လူဦးရေ ၃၀၀ ဖြင့်လည်းကောင်း၊ ဆင်ဖြူဂိတ်မှ လူဦးရေ ၂၀၀ ဖြင့်လည်းကောင်း တစ်ရက်ကို လူဦးရေ ၅၀၀ နှုန်း ဝင်ရောက်နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၃ ရက်မှစပြီး မန့်ဝိန်းဂိတ်ရှေ့မှာ နန်းတော်ဂိတ်နဲ့ ဆင်ဖြူဂိတ်တို့မှ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မယ့် ပြည်သူတွေကို ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ်(TBP)အား ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက် သုံးရက်စာလူဦးရေ ၁၅၀၀ ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း မူဆယ် – နမ့်ခမ်း နယ်စပ်ကုန်သည် ကြီးများအသင်းရုံးဝင်းမှာ စက်တင်ဘာ ၁၇ ရက် မှ ၂၃ ရက်အထိ ခုနစ်ရက်စာ လူဦးရေ ၃၅၀၀ ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။အဆိုပါ ရက်ချိန်းရထားပြီးသူတွေက မိမိရဲ့သတ်မှတ်ထားတဲ့ ရက်နဲ့ သတ်မှတ်ထားတဲ့ ဂိတ်တို့မှ ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ – တရုတ်နယ်စပ် လူဝင်/ထွက်ဂိတ်များမှ ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)ဖြင့် တရုတ်နိုင်ငံသို့ ခြောက်ညအိပ်ခုနစ်ရက် သွားလာနိုင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post The Pantra ရွှေထည် နှင့်လက်ဝတ်ရတနာဆိုင်သစ် ဖွင့်ပွဲ ကျင်းပ
Next post အဖွား ဒေါ်မြတ်မွန် ၊ မြေးလေး ခန့်ကျော် တို့မြေးအဖွား နှစ်ယောက် ကြော်ငြာရိုက်ကူးနေတဲ့ အလှပုံရိပ်