မြန်မာ့လက်ရွေးစင်ဂိုးသမား စိုးအာကာကို ရန်ကုန်စီးတီးအသင်း (၂) နှစ်စာချုပ်ဖြင့် ခေါ်ယူ

ဇူလိုင် ၅၊ ၂၀၂၆
ရန်ကုန်စီးတီးအသင်းဟာ ဧရာဝတီယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင်ဂိုးသမား စိုးအာကာကို (၂) နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း
သိရပါတယ်။
စိုးအာကာဟာ မြန်မာ ယူ- ၁၆၊ မြန်မာ ယူ- ၁၉၊ မြန်မာ ယူ- ၂၂ အသင်းတွေမှာ လက်ရွေးစင်အဖြစ် တောက်လျှောက်ရွေးချယ်ခံခဲ့ပြီး နိုင်ငံတကာပွဲများစွာကို ကစားဖူးတဲ့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
စိုးအာကာဟာ မြန်မာ့လက်ရွေးစင်အသင်းကြီးနဲ့အတူ ၂၀၂၂ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။
စိုးအာကာက “ကစားဖော်ဟောင်းတွေနဲ့ ပြန်ဆုံရလို ဝမ်းသာပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့အသင်းကို ရောက်လာလို အစွမ်းကုန်ကြိုးစားသွားမှာပါ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ရန်ကုန်စီးတီအသင်းဟာ လာမယ့်ရာသီသစ်အတွက် ပြည်ပကစားသမား (၁) ဦး၊ ပြည်တွင်းကစားသမား (၆) ဦးအထိ ခေါ်ယူထားပြီးဖြစ်ပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ ပြည်ပကစားသမားအဖြစ် ဘရာဇီးနောက်ခံလူ ပက်ဒရို၊ ပြည်တွင်းကစားသမားများအဖြစ် ဇွဲထက်မင်း၊ ဇွဲခန့်မင်း၊ ဘုန်းသစ္စာမင်း၊ မြတ်ကောင်းခန့် ၊ သန်းတိုးအောင်၊ စိုးအာကာတိုကို ခေါ်ယူထားတာဖြစ်ပါတယ်။
ရန်ကုန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသုံးပြုခဲ့တဲ့ ပြည်ပကစားသမား (၅) ဦးစလုံးနဲ့ လမ်းခွဲထားပြီးဖြစ်ပါတယ်။
