// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့ တွေ့ဆုံဆွေးနွေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး MoU များ လက်မှတ်ရေးထိုး -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်တို့ တွေ့ဆုံဆွေးနွေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး MoU များ လက်မှတ်ရေးထိုး

ဇူလိုင်လ ၃ ရက်၊ ၂၀၂၆

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က သမ္မတအိမ်တော် (Presidential Palace) ၌ ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုခဲ့ပါတယ်။

ထို့နောက် သမ္မတနှစ်ဦးသည် ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ တွေ့ဆုံမှုသည် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီးတွင် သမ္မတနှစ်ဦး၏ ရှေ့မှောက်၌ နှစ်နိုင်ငံ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တို့ကို အပြန်အလှန် လဲလှယ်ခြင်းနှင့် သဘောတူလက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃.၇.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း မျိုးဆက်သစ်လူငယ်များကို ဘောလုံးအားကစားနှင့် မိတ်ဆက်ပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး