// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ရောက်ရှိ၊ အညာတရ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ရောက်ရှိ၊ အညာတရ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု

ဇူလိုင် ၃၊ ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
 
ထိုသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကော်ဇောနီခင်း၍ ဂုဏ်ပြုတပ်ဖွဲဖြင့် လှိက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရပါတယ်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၂၀၂၆ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပဇူလိုင် ၆ ရက်အထိ နေပြည်တော်တွင် အခမဲ့ကြည့်ရှုအားပေးနိုင်
Next post (၃.၇.၂၀၂၆) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ