// | DailyBriefNews ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ရာ မြို့တော်ကာရာကာ့စ်တွင် အဆောက်အအုံများပြိုကျ -

ဗင်နီဇွဲလားနိုင်ငံတွင် အင်အားပြင်းငလျင်နှစ်ခု လှုပ်ခတ်ရာ မြို့တော်ကာရာကာ့စ်တွင် အဆောက်အအုံများပြိုကျ

ဇွန်လ ၂၅ ရက်၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန်လ ၂၄ ရက် ညနေပိုင်းက ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျူ့နှင့် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူ့ ရှိသော အင်ကားပြင်း ငလျင်နှစ်ခု ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့ရာ မြို့တော် ကာရာကာ့စ်ရှိ အဆောက်အအုံများနှင့် အိမ်များ ယိမ်းထိုးသွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) ၏ အဆိုအရ ပထမငလျင်ဗဟိုချက်က ကာရာကာ့စ်မြို့မှ ၁၀၄ မိုင်အကွာရှိ နိုင်ငံ၏ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက်တွင်တည်ရှိသော မိုရွန်မြို့၏အနောက်ဘက် ၁၇ မိုင် ( ၂၈ ကီလိုမီတာ) အကွာတွင် တည်ရှိသည်ဟုဆိုပါတယ်။

ငလျင်က မြေအောက်အနက် ၁၃ ကီလိုမီတာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဟု သိရပါတယ်။

ထို့နောက် ပထမငလျင်လှုပ်ခတ်အပြီး ၃၉ စက္ကန့် အကြာမှာပင် ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူ့ ရှိသော ဒုတိယမြောက် ငလျင်ကြီးတစ်ခု ထိုဒေသတွင်ပင် လှုပ်ခတ်ခဲ့သည်။ ဒုတိယငလျင်က အနက် ၁၀ ကီလိုမီတာ တွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ပြီးနောက် မြို့တော်ကာရာကာ့စ်နှင့်အနီးတစ်ဝိုက်တွင် အသေ အပျောက်များပြီး ကြီးမားသောပျက်စီးမှုများ ဖြစ်နိုင်သည်ဟု အမေရိကန်ဘူမိဗေဒစစ်တမ်းက ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပြည်ထဲရေးဝန်ကြီး ဒစ်ကို့စ်ဒါဒို ကာဘယ်လိုက အဆောက်အအုံ အချို့ပြိုကျခဲ့ပြီး ကာရာကာ့စ်တွင် အိမ်များပြိုကျခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဗင်နီဇွဲလား အာဏာပိုင်များက သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ခန့်မှန်းချက်များကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင် ထုတ်ပြန်မည်။
Next post ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ