// | DailyBriefNews ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း အိမ်ကွင်းပထမဆုံးပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရ၊ -

ဧရာဝတီအက်ဖ်စီအမျိုးသမီးအသင်း အိမ်ကွင်းပထမဆုံးပွဲစဉ်တွင် ဂိုးပြတ်အနိုင်ရ၊

ဇွန် ၂၃ ရက်၊ ၂၀၂၆

မြန်မာအမျိုးသမီးလိဂ် (Myanmar Wom en’s League 2026-27) ပြိုင်ပွဲဝင်လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အသင်းဟာ ယမန်‌နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ ၎င်းတို့ရဲ့ အိမ်ကွင်း ပထမဆုံးပွဲစဉ်တွင် Young Lionesses FC အသင်းကို (၃) ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

​ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲစဉ်သို့ ဧရာဝတီအက်ဖ်စီအသင်းအား အားပေးရန်အတွက် ဒေသခံဘောလုံးဝါသနာရှင် ပရိသတ်များ ကွင်းလုံးပြည့် တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။

ဧရာဝတီအက်ဖ်စီအသင်းဟာ အမှတ်ပေးပွဲစဉ် (၃) အဖြစ် ချန်ပီယံဟောင်း ISPE FC အသင်းနဲ့ ဇွန်(၃၀)ရက်တွင် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းမှာပင် ထိပ်တိုက်ရင်ဆိုင်သွားရဦးမည်ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအသင်းနဲ့ ချန်ပီယံဟောင်း ISPE FC အသင်းတို့ဟာ ဇွန် (၃၀)ရက်မှာ ပွဲစဉ် (၃) အဖြင့် အဆိုပါ ကိုးသိန်းအားကစားကွင်းမှာပင် ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ ဘောလုံးဝါသနာရှင်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထိုင်းရွှေဆိုင်တစ်ဆိုင်တွင် ရွှေအစစ်နှင့် ရွှေအတု လဲလှယ်ရန် ကြိုးပမ်းသည့် မြန်မာအမျိုးသမီးတစ်ဦးကို လက်ပူးလက်ကျပ် ဖမ်းမိ
Next post China International Sepaktak raw Open ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ရွှေတစ်ခု၊ ကြေးတစ်ခု ဆွတ်ခူး