// | DailyBriefNews ရန်ကုန်-မော်လမြိုင် DEMU ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန် -

ရန်ကုန်-မော်လမြိုင် DEMU ရထား အချိန်စာရင်းနှင့် လက်မှတ်ခနှုန်းထားများ ထုတ်ပြန်

ဇွန်လ ၂၄ ရက်

ရန်ကုန်-မော်လမြိုင် DEMU ရထားခရီးစဉ်ရဲ့ အချိန်စာရင်းနဲ့ လက်မှတ်ခနှုန်းထားများကို ယနေ့ ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရပါတယ်။

ထုတ်ပြန်ချက်အရ DEMU ရထားခရီးစဉ်အတွက် ပထမတန်း လက်မှတ်ခမှာ ၁၆,၀၀၀ ကျပ်ဖြစ်ပြီး အထက်တန်း လက်မှတ်ခမှာ ၂၂,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် Air Bag/AAR လူစီးအမြန်ရထားခရီးစဉ်များအတွက် ရိုးရိုးတန်း လက်မှတ်ခကို ၇,၀၀၀ ကျပ်နဲ့ ၈,၀၀၀ ကျပ် သတ်မှတ်ထားပြီး အထက်တန်း လက်မှတ်ခကို ၁၂,၀၀၀ ကျပ်နဲ့ ၁၃,၀၀၀ ကျပ် အသီးသီး သတ်မှတ်ထားကြောင်း သိရပါတယ်။

ရထားလက်မှတ်များကို Online Railways Ticketing and Payment System (ORTP) မှတစ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အွန်လိုင်းစနစ်ဖြင့် ခရီးစဉ်မတိုင်မီ ၇ ရက်ကြိုတင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အား ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့် ဦးမင်းနောင်တို့ လက်ခံတွေ့ဆုံ
Next post တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးတို့ တွေ့ဆုံ