// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက် -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်

‎မေလ ၃၁ ရက်

အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ မေ ၃၁ ရက်၊ မနက်ပိုင်းက နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲကိုတော့ မြန်မာဘက်က စီးပွားရေးလုပ်ငန်းရှင်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် ကုမ္ပဏီများက အမှုဆောင်အရာရှိချုပ် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပါတယ်။

ထိုသို့ တက်ရောက်ပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားကာ တက်ရောက်လာသူများမှ မေးခွန်းမေးမြန်းမှုများကို ပြန်လည်ဖြေကြားပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ တက်ရောက်သူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ
Next post NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ