// | DailyBriefNews နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ -

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ဧပြီ ၂၃

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲက ယနေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရဲ့ ဧည့်ဆောင်တော်မှာ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်။

ထိုသို တွေ့ဆုံရာမှာ မြန်မာ-ထိုင်းနှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများ ရှည်ကြာကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမယ့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေးတိုအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ထိုအတူ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များလျှော့ချနိုင်ရေးတိုအတွက် ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၄-၂၀၂၆) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားအပ်နှင်း