(၁၇-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၇-၁၂-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်အား လေယာဉ်၊ ရဟတ်ယာဉ်များက သရုပ်ပြအုပ်ဖွဲပျံသန်းအလေးပြုပြီး စွမ်းရည်ပြသ
၂။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် မြန်မာ့သားကောင်းအဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား သွားရောက်ကြည့်ရှု
၃။ မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း (၁) အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင်
၄။ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတိုမှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀) လှူဒါန်း
၅။ နွားထိုးကြီးမြိုနယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ
၆။ အွန်လိုင်းလိမ်လည်လောင်းကစားမှုများမှာ ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို ပြန်လည်လွှပြောင်းရာမှာ အဆင်ပြေချောမွေ့စေရေးဆွေးနွေး
၇။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ ဖြေကြား
၈။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၄၉၀ ကျပ်၊ Octane 95 – ၂၅၄၀ ကျပ်၊ Diesel – ၂၂၄၅ ကျပ်၊ Premium Diesel – ၂၆၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို၏ ရန်လိုတိုက်ခိုက်မှုများ မရပ်လျှင် ကုန်သွယ်စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ သတိပေး
၂။ ရုရှား-အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် စစ်တပ်ချထားရေးဆိုင်ရာ သဘောတူညီချက်ဥပဒေကို ရုရှားသမ္မတ လက်မှတ်ရေးထိုး
၃။ ဂါဇာစစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအား ပိတ်ဆိုရန် အစ္စရေး၏ ကြိုးပမ်းမှုကို ICC ပယ်ချ
၄။ အရှေ့ပစိဖိတ်ဒေသရှိ မူးယစ်ဆေးဝါးကုန်ကူးမှုဟု ယူဆရသော သင်္ဘောများကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွင် ရှစ်ဦးသေဆုံး
၅။ ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ
၆။ ဒေါ်နယ်ထရမ့်က ဘီဘီစီရုပ်သံလိုင်းကို အသရေဖျက်မှု နဲ့ လျော်ကြေး ၁၀ ဘီလီယံတောင်းပြီ
အားကစားသတင်းများ
၁။ အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ “GOAT India Tour 2025” ခရီးစဉ်ကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့
၂။ ခရစ္စမတ်အမှတ်တရအဖြစ် Alder Hey ကလေးဆေးရုံကို သွားရောက်လည်ပတ်ခဲ့တဲ့ လီဗာပူးအသင်း
၃။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘတ်ပေဟာ သူ့အသင်းဟောင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို တရားစွဲဆိုမှုမှာ အနိုင်ရရှိခဲ့တယ်လို သိရှိရ
၄။ မန်စီးတီးဂိုးသမား ဒွန်နာရမ်မာကတော့ ၂၀၂၅ ခုနှစ်အတွက် ဖီဖာက ရွေးချယ်ပေးအပ်တဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိသွားခဲ့
၅။ မန်ယူနဲ့ ဘုန်းမောက်တို လေးဂိုးစီသရေကျခဲ့တဲ့ အိုးထရက်ဖိုဒ့်ကပွဲစဉ်မှာ ကိုဘီ မိုင်နူးရဲ့ အစ်ကို ဝမ်းကွဲဟာ ‘Free Kobbie Mainoo’ ဆိုတဲ့ စာသားပါဝင်တဲ့ တီရှပ်ကို ဝတ်ဆင်ပြီး ဆန္ဒထုတ်ဖော်ခဲ့
အနုပညာသတင်းများ
၁။ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) က ဦးဆောင်ကျင်းပတဲ့ ၁၅ ကြိမ်မြောက်သက်ကြီးဂီတပညာရှင်များကန်တော့ပွဲ အခမ်းအနားကျင်းပ
၂။ သမီးဖြစ်သူ ဖန်တီးထားတဲ့ မကြားဖူးတဲ့ Music အကြောင်း ပြောပြလာတဲ့ ပိုးအိစံ
၃။ ၂၀၂၅ ထက် ပိုပြီးမိုက်တဲ့ Version အသစ်နဲ့ ၂၀၂၆ မှာ ကျွန်တော့်ကိုမြင်ရမှာပါ ဆိုတဲ့ ဇော်ရှိင်းထက်
၄။ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေရရင် စိတ်ပျော်ရွှင်နေမှာပဲဆိုတဲ့ အောင်ကိုလတ်
