// | DailyBriefNews အာကာသပြတိုက်(ရန်ကုန်)ကို မြန်မာနိုင်ငံတော်ယာယီသမ္မတဖွင့်လှစ်ပေး -

အာကာသပြတိုက်(ရန်ကုန်)ကို မြန်မာနိုင်ငံတော်ယာယီသမ္မတဖွင့်လှစ်ပေး

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)အား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ပြတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ၍ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိန်းကျော်၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ်ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တာ်ဝန်ဦးဘိုဌေးတို့မှလည်း ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတသည် ယခင်နက္ခတ် တာရာပြခန်းတွင်အသုံးပြုခဲ့သော GOTO Planetarim Analog Projection System အားကြည့်ရှုလေ့လာပြီး အာကာသပြတိုက် (ရန်ကုန်)ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ နိုင်ငံတော် ယာယီသမ္မတထံ ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်မှဖွင့်ပွဲတက်ရောက်လာသည့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီးနောက် နိုင်ငံတော် ယာယီသမ္မတနှင့် တက်ရောက်လာကြသူများက အာကာသနှင့် နက္ခတ်တာရာဆိုင်ရာ Dome Video Clip အားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ရှိပြီး ယခင် နက္ခတ်တာရာပြခန်းအားခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြှင့်တင်ပြန်လည်မွန်းမံ၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ပြတိုက်အတွင်း၌ Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်းစေ လွှတ်ခဲ့သည့် ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွား လာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်း စူးစမ်းလေ့လာသည့် အာကာသယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာများအားကြည့်ရှုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အခြေခံကျောင်းများတွင် ဘောလုံးပြိုင်ပွဲများ ထွန်းကားရေး၊ ဘောလုံးကွင်းများ ဖော်ထုတ်ပြုပြင်မွမ်းမံရေး ဆွေးနွေး
Next post ကုန်ထုတ်လုပ်မှုမြှင့်တင်ဆောင်ရွက်ရန် ယာယီသမ္မတမှာကြား