(၃-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၃-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ယာယီသမ္မတ နှင့် ဇနီး ၂၀၂၅ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
၂။ ရန်ကုန် မိုးပျံအမြန်လမ်းနှင့် မြိုတော်အပြင်ပတ်လမ်း တည်ဆောက်မည်
၃။ လွိင်ကော်မြို၌ (၃၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်ဆင်ယင်ကျင်းပ
၄။ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(၂၇)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကျင်းပပြုလုပ်
၅။ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားအားကျလို လမ်းမတော်မြိုနယ်က ရွေးကောက်ပွဲဝင်ပြိုင်တာပါဆိုတဲ့ ဦးကိုကိုကြီး
၆။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယခုလ၂ရက်နေ့မှ ၆ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်း မိုးကြီးနိုင်
၇။ ရန်ကုန် – နေပြည်တော် – မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ရထားခရီးစဉ်များအတွက် ရထားလက်မှတ်များကို ဖုန်းဆက်ဝယ်ယူနိုင်မည်
၈။ နိုဝင်ဘာလ ၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၅ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၄၅၅ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဇိမ်ခံဟိုတယ်တွင် မူးယစ်ဆေးဝါးသုံးစွဲကာ အုပ်စုဖွဲ လိင်ဆက်ဆံနေသောအမျိုးသား ၂၉ ဦးကို ထိုင်းရဲ စီးနင်းဖမ်းဆီး
၂။ နျူကလီးယားလက်နက်များပြန်လည်စမ်းသပ်ရန် အမိန့်ပေးသည့် ဒေါ်နယ်ထရမ့်ကို ဝေဖန်ပြစ်တင်မှုများရှိနေ
၃။ လိင်အကြမ်းဖက်သမား ဗြိတိန်တော်ဝင်မင်းသား အန်ဒရူးကို ဘွဲများပြန်ရုပ်သိမ်းခဲ့ပြီး တော်ဝင်အိမ်ရာမှ နှင်ထုတ်
၄။ တရုတ်နိုင်ငံ၏ တစ်နိုင်ငံ စနစ်နှစ်မျိုး အုပ်ချုပ်သော မူဝါဒကို လက်မခံနိုင်ကြောင်း တရုတ်(တိုင်ပေ)သမ္မတပြော
၅။ တန်ဇန်းနီးယားနိုင်ငံမှာ ရွေးကောက်ပွဲဆန္ဒပြမှုတွေ ဖြိုခွင်းခံရမှုကြောင့် သေဆုံးသူ ဦးရေ(၇ဝဝ)လောက်ရှိလာ
၆။ (၆)ကြိမ်မြောက် စစ်ရေးကင်းမဲ့ဇုန်ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲအား ကိုရီးယားနိုင်ငံရှိ Imjingak မြစ်ဘေး၌ ကျင်းပ
အားကစားသတင်းများ
၁။ ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာအားကစားသမားများ ထိုက်သင့်သည့် အောင်မြင်မှုများရရှိစေရေးအတွက် စခန်းသွင်းစားစရိတ်ကို တိုးမြှင့်ထောက်ပံပေးထား
၂။ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်မြိုတွင် စခန်းဝင်လ့ကျင့်လျက်ရှိသည့် သေနတ်ပစ်နှင့် မြားပစ်အားကစားအဖွဲများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၊ အာရှအမျိုးသမီးချန်ပီယံလိဂ် ပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည့် ISPE အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံ
၃။ မွန်ပြည်နယ် ဝန်ကြီးချုပ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း (ပြည်နယ်အဆင့်) အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အခမ်းအနားနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသိုတက်ရောက်
၄။ ဆီးဂိမ်းဘောလုံးပွဲများကို ဝင်ကြေးအခမဲ့ သတ်မှတ်ဟု Asean Football ထုတ်ပြန်
၅။ ဝုလ်ဗ်အသင်းဟာ ရာသီအစ ၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးပြီးနောက်မှာတော့ နည်းပြဖြစ်သူ ဗစ်တာ ပီရဲရားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်
အနုပညာသတင်းများ
၁။ ကိုဝေမင်းမောင်တိုဇနီးမောင်နှံရဲ့ ခမ်းနားထည်ဝါတဲ့ မင်္ဂလာပွဲအခမ်းအနားကိုတက်ရောက်လာတဲ့အနုပညာရှင်များ
၂။ တေးရေးလောကထဲကို ဝင်လာတာမဟုတ်လို ဒီစားကွက်ကိုလည်း မလုပါဘူးဆိုတဲ့ နိုင်ဇော်(ဂီတမှူး)
၃။ နောက်ကွယ်ကကြိုးစားပြီး ပံ့ပိုးရတာပဲ၊ အရာထင်ရင် ကျေနပ်တယ်ဆိုတဲ့ မိတ်ကပ် ဝင့်ဒါလီ
