(၁-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁-၁၁-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ြည်တွင်းသတင်းများ
၁။ ပဒေသာပင်ပေါင်း (၄၉) ပင်ဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၂၀၂၅ ခုနှစ် ကထိန်သ င်္ကန်းဆက်ကပ်လှူဒါန်းပွဲ
၂။ (၈၀) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆု ထီဖွင့်ပွဲအတွက် ထီစာအုပ် ၉ သိန်းနီးပါး ရောင်းချနိုင်ခဲ့
၃။ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ
၄။ စက်သုံးဆီ ဈေးနှုန်းသက်သာရေး နိုင်ငံတော်မှ ရာခိုင်နှုန်းတစ်ခုစိုက်ထုတ်ကျခံပေး
၅။ ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းလိုမရနိုင်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဋ္ဌ ပြောကြား
၆။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄) ခု အတည်ပြုပေး
၇။ ပင်လောင်းနှင့် ပြည်ကြီးတံခွန်မြိုနယ်တိုတွင် ငွေကျပ် (၁) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားဖမ်းမိ
၈။ အောက်တိုဘာလ ၃၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၇၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၀၅ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၄၅၅ ကျပ်၊ Premium Diesel – ၂၉၉၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ မြင့်တက်လာတဲ့ လူနေမှုစရိတ်တွေ လျော့ကျလာအောင် လုပ်ပေးဖို လာအိုလွှတ်တော်က အစိုးရ ကို တောင်းဆို
၂။ ယခုနှစ်အတွင်း ယူကရိန်း၏စစ်ရေးစရိတ် ဒေါ်လာဘီလျံ ၁၁၀ ခန့်ရှိနေသဖြင့် နိုင်ငံ၏ရန်ပုံငွေများက လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကုန်ဆုံးသွားနိုင်ကြောင်း ခန့်မှန်းကြ
၃။ ဘဏ္ဍာရေးပြဿနာများကြောင့် RFA သတင်းဌာန လည်ပတ်မှုရပ်ဆိုင်း
၄။ ပိုကောင်းသောကုန်သွယ်ရေးသဘောတူညီချက်ရရေး အနူတင် တောင်းဆို
၅။ Amazon က ကမ္ဘာတစ်ဝှမ်း ကော်ပိုရိတ်အလုပ်အကိုင် ၁၄ဝဝဝ ထိ လျှော့ချ
၆။ နားကြပ်ဖြင့်နားထောင်ခြင်း၊ ကျယ်လောင်သည့် အသံနားထောင်ခြင်းတိုကြောင့် အကြားအာရုံ ပျက်စီးကာ နားထဲအသံမြည်နေသောဝေဒနာခံစားရ
အားကစားသတင်းများ
၁။ မြန်မာအမျိုးသမီးကလပ် ISPE အသင်းနှင့် ပွဲဦးထွက်ရင်ဆိုင်ရမည့် ဆူဝမ် အမျိုးသမီးကလပ် မိတ်ဆက်
၂။ ဘာစီလိုနာ ဂန္တဝင် လီယွန်နယ် မက်ဆီက လာမယ့် ၂၀၂၆ ဘာစီလိုနာရဲ့ ရွေးကောက်ပွဲမှာ ယိုအန်း လာပေါ်တာနဲ့ ဆန့်ကျင်ဘက်လုပ်ဖို ပါဝင်ပတ်သက်သွားဖို ဆုံးဖြတ်ခဲ့တယ်လို သိရ
၃။ အန်ဂိုလာအသင်းဟာ အာဂျင်တီးနားအသင်းနဲ့ ခြေစမ်းပွဲကစားခွင့်ရဖိုအတွက် ယူရို ၁၂ သန်းပေးဖို သဘောတူညီခဲ့
၄။ ရီးရဲမက်ဒရစ်အသင်းဟာ ခီလီယန် အမ်ဘာပေကို ၂၀၂၄-၂၀၂၅ ရာသီ ရွှေဖိနပ်ဆုအတွက် အခမ်းအနား ကျင်းပပေးခဲ့
၅။ အဝေးဘောတွေနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ အာနေး စလော့
အနုပညာသတင်းများ
၁။ ဆိုးရင် မတရားဆိုးလိုက်ရတဲ့ အဖြည်မပါတဲ့ဇာတ်တွေ ပိုသဘောကျတယ်ဆိုတဲ့ မင်းဘုန်းမြတ်
၂။ ယမန်နေ့က ရုံတင်ပြသခဲ့တဲ့ သံယောဇဉ်တွေ၊ မေတ္တာတရားတွေကို လှလှပပလေးနဲ့ ဟာသလေးနှောပြီး ပုံဖော်ထားတဲ့ “ယောက်ျားတွေကို စိတ်ကုန်တယ်” ရုပ်ရှင်ဇာတ်ကားကြီး
၃။ Lynk & Co 06 ကားကို ရွှေမှုန်ရတီအတွက် Discount နဲ့ ဝယ်ပေးမယ်ဆိုတဲ့ ရွှေထူး
