
(၁၆-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၁၆-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရွေးကောက်ပွဲအား ပထမအကြိမ်တွင် ၁၀၂ မြိုနယ်၊ ဒုတိယအကြိမ်တွင် မြိုနယ် ၁၀၀ နှင့် ကျန်မြိုနယ်များကို တတိယအကြိမ်တွင် ကျင်းပပေးမည်ဟု ယာယီသမ္မတ ပြောကြား
၂။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်အဖွဲ လာရောက်ဂါရဝပြုတွေ့ဆုံချိန်တွင် ရွေးကောက်ပွဲတွင်အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက် (MEVM) စက်များကိုပြသ
၃။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြိုအစိုးရအဖွဲဝင်၊ ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
၄။ နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၇,၈၀၀ ခွင့်ပြုရန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အသိပေးကြေညာ
၅။ နိုင်ငံအတွင်းရှိ စက်သုံးဆီလိုအပ်ချက်ကို အစားထိုးလျှော့ချနိုင်ရန် ရေနံချက်စက်ရုံအသစ်များ ထပ်မံ တည်ဆောက်နိုင်ရေး အပါအဝင် အခြားလုပ်ငန်းစဉ်များဖြင့် ကြိုးပမ်းနေ
၆။ မုဒုံမြိုနယ် ကမာဝက်မြိုရှိ ဆံတော်ရှင်ကျိုက်တမော့ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်သို ဘုရားဖူးအများအပြား လာရောက်
၇။ AA ၏ မူးယစ်ဆေးဝါးသယ်ဆောင်သော လမ်းကြောင်းတွင် PDF များ ပါဝင်ပတ်သက်နေပြီး နောက်ကွယ်တွင် စိတ်ဝမ်းကွဲပြားမှုများဖြစ်နေ
၈။ အောက်တိုဘာလ ၁၅ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၃၀ ကျပ်၊ Octane 95 – ၂၈၀၀ ကျပ်၊ Diesel – ၂၅၀၅ ကျပ်၊ Premium Diesel – ၃၀၅၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဗြိတိန်နှင့် အမေရိကန်တိုမှ လူကုန်ကူးခံရသူများကို အမြတ်ထုတ်နေသည့် အရှေ့တောင်အာရှမှ လိမ်လည်မှုကွန်ရက် Prince Group ကို ပိတ်ဆိုအရေးယူ
၂။ အာရှတိုက်ရဲ့ နိုင်ငံစုံဝါဒပေါ်ထွန်းရေးမှာ ရုရှားက အဓိနေရာမှာပါနေတယ်လို ဆို
၃။ ဂါဇာသဘောတူညီချက်က ယူကရိန်းအတွက် မျှော်လင့်ချက်တွေကိုဖြစ်ပေါ်စေတယ်လို ယူကရိန်းသမ္မတပြော
၄။ အီရန်နိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လိုချင်တယ်လို ဒေါ်နယ်ထရမ့်ပြော
၅။ အစ္စရေး-ဟားမက်စစ်ပွဲမှာ အနိုင်ရရှိသူ မရှိဘူးလို ပါလက်စတိုင်းအများအပြား ယုံကြည်နေ
၆။ တစ်သက်တွင်တစ်ကြိမ်သာ မြင်တွေ့ရမည့် စကြဝဠာဧည့်သည် ရက်ပိုင်းအတွင်း ရောက်လာမည်
အားကစားသတင်းများ
၁။ ရှင်းသန့်ဖြူစင်ပြုံးရဲ့ နောက်ထပ်သွင်းဂိုး (၂)ဂိုးနဲ့ ဒုတိယပိုင်းပွဲစဉ်ကို အနိုင်ရလဒ်ထွက်ပေါ်ခဲ့တဲ့ မြန်မာယူ-၁၇ အမျိုးသမီးအသင်း
၂။ ဖီဖာကမ္ဘာ့ဖလား အုပ်စုအဆင့်မဲခွဲပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို သိရ
၃။ လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ပွာတိုရီကိုအသင်းကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့
၄။ မယုံနိုင်လောက်တဲ့ ရော်နယ်ဒိုရဲ့ လေးစားအတုယူစရာစိတ်ဓာတ်ကြောင့် အံ့အားသင့်ခဲ့တဲ့ ဒန်နီ အဲဗက်စ်
၅။ အန်ဇို မာရက်စ်ကာကို အက်ဖ်အေက လီဗာပူးနဲ့ပွဲစဉ်က အပြုအမူကြောင့် ဒဏ်ငွေ ပေါင် ၈၀၀၀ နဲ့ တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်
အနုပညာသတင်းများ
၁။ ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့ Bride To Be ပွဲလေးကြောင့် ဝမ်းသာပီတိဖြစ်ရတယ်လို ဖွင့်ဟလာတဲ့ မေပန်းချီ
၂။ ကျွန်တော်က ဘယ်သူ့ကိုမှ ဖိန့်တတ်တဲ့သူမျိုးမဟုတ်ဘူးဆိုတဲ့ နေဝင်း
၃။ အောက်တိုဘာ ၁၇ ရက် ရုံတင်ပြသမယ့် Horror Comedy ဇာတ်လမ်းပုံစံ “ဖိန့်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကျင်းပ
၄။ လူတွေဟာ ဘာသာခြားခြင်း ဘာသာတူခြင်း အဓိကမဟုတ်ဘဲ စိတ်နှလုံးဖြူဖိုက အဓိကပါ ဆိုတဲ့ ခွန်သာချို