// | DailyBriefNews နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးမိသားစုမှ (၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင် ကျပ်သိန်း ၁၀၀ လှူဒါန်း -

နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးမိသားစုမှ (၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲတွင် ကျပ်သိန်း ၁၀၀ လှူဒါန်း

(၁၀၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၈) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ အောက်တိုဘာ ၁၃ ရက်တွင် ရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် (၄၈) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးမိသားစုမှ ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သည်။

ကန်တော့ခံသက်ကြီးပုဂ္ဂိုလ် ၁၃၀ ကျော်ကို ကန်တော့ပစ္စည်းများစွာနဲ့ ကန်တော့ရာ ခန်းမရဲ့အနေအထားအရ သက်ကြီးပုဂ္ဂိုလ် အယောက် ၃၀ ကျော်ကို ရှေးဦးစွာ ကန်တော့ခဲ့ပြီး ကျန်ပုဂ္ဂိုလ်များအား အိမ်တိုင်ရာရောက် ဆက်လက်ကန်တော့သွားမည်ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဒုဥက္ကဋ္ဌ ဦးအေးကြူလေးမှ ပြောသည်။

ကန်တော့ခံပုဂ္ဂိုလ်များမှာ အနုပညာလောကရဲ့အလွှာအသီးသီးမှ အသက် (၇၀) နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များကို ကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။ အစည်းအရုံးဝန်းအတွင်း စတုဒီသာဆိုင်ခန်းပေါင်း ၄၀ နီးပါးမှ စတုဒီသာကျွေးကာ လာရောက်သူ ဧည့်ပရိသတ်များနှင့် အနုပညာရှင်တို့ကပျော်ရွှင်စွာ ပါဝင်ဆင်နွှဲစားသောက်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၁၀-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post (၁၄-၁၀-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ