// | DailyBriefNews ရုရှားနိုင်ငံသို့ ရောက်‌ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ဆက်လက်ထွက်ခွာ -

ရုရှားနိုင်ငံသို့ ရောက်‌ရှိနေသည့် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ဆက်လက်ထွက်ခွာ

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev ၏ ဖိတ်ကြားချက်အရ ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့မှ ကာဇက်စတန်နိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ၊ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကာဇတ်စတန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် ကာဇတ်စတန်နိုင်ငံသမ္မတ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လေးကျော်အသင့်စား စားသောက်ကုန်တွေရဲ့ ကြော်ငြာရိုက်ကွင်းမှာတွေ့ရတဲ့ သရုပ်ဆောင် ယွန်းဝတီလွင်မိုး နဲ့ ဂျိုကာ
Next post (၂၇-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ