
(၂၃-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၃-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး၏ ထက်၀က်ကို မပြိုင်နိုင်ပါက ပါတီဖျက်သိမ်းရမည့်ကန့်သတ်ချက်ကို လေးပုံတစ်ပုံအထိ လျှော့ချ ပြင်ဆင်ပေး
၂။ ကျိုက္ခမီရေလယ်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ ၃၀ ရက်မှစတင်ကာကျင်းပသွားမည်
၃။ တရုတ် ဒုတိယရေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို ချစ်ကြည်ရေးခရီးစဉ် သွားရောက်
၄။ တိုင်းဒေသကြီးဝန်ကြီးချုပ် ငါးသိုင်းချောင်းမြိုနှင့် လေးမျက်နှာမြိုတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးအပ်ခြင်းနှင့် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို တက်ရောက်
၅။ အမျိုးသမီးများကို တရုတ်နိုင်ငံသို ပိုဆောင်ရောင်းစားခဲ့သည့် အသက် ၁၆ နှစ်အရွယ် တရားခံအမျိုးသမီးအပါအဝင် ၄ ဦးတိုကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်
၆။ လေးကေကော်မြိုသစ်အတွင်းသို တပ်မတော်စစ်ကြောင်းများ ဝင်ရောက်
၇။ ကန့်ဘလူမြိုနယ် ကျီစုရွာရှိ အကြမ်းဖက် PDF စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း
၈။ စက်တင်ဘာလ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၉၅ ကျပ်၊ Octane 95 – ၂၉၇၀ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အမေရိကန်ပင်တဂွန်က မီဒီယာထိန်းချုပ်မှုများ တိုးမြှင့်
၂။ IAEA နဲ့ မပူးပေါင်းတော့ဘူးလို အီရန်နိုင်ငံက တရားဝင်ကြေညာ
၃။ ပါလက်စတိုင်းနိုင်ငံ ဖြစ်ပေါ်ရေးအတွက် ပေါ်တူဂီထောက်ခံ
၄။ ယူကရိန်း ပဋိပက္ခမှာ ဝင်မပါဖို ပိုလန်ပြည်သူတွေ ဆန္ဒပြတောင်းဆို
၅။ တက်ကြွလှုပ်ရှားသူ ချာလီကက်အတွက် ပြုလုပ်သည့် အမှတ်တရအထိမ်းအမှတ် အခမ်းအနားပွဲကြီး၌ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ချာလီကက်သည် ‘သူ့မျိုးဆက်၏ဧရာမပုဂ္ဂိုလ်’ ဟု ချီးကျူး
၆။ ပါလက်စတိုင်းအားအနောက်တိုင်း (၄) နိုင်ငံမှအသိအမှတ်ပြုသဖြင့် အစ္စရေးလ်ဒေါသထွက်
အားကစားသတင်းများ
၁။ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ရေ၊လေ) အမျိုးသား၊အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
၂။ ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံး ရွှေဘောလုံးဆု Ballon D’or ဆုကို ပီအက်စ်ဂျီ ကစားသမား ဒမ်ဘီလီ ဆွတ်ခူး
၃။ ပါကစ္စတန်ဘောလုံးအသင်းဟန်ဆောင်ပြီး ဂျပန်ကို စာရွက်စာတမ်းအတုတွေနဲ့ ဝင်ရောက်ခဲ့သူတွေ ဖမ်းဆီးခံရ
၄။ မန်စီးတီးကို ဂိုးသွင်းနိုင်အောင် စိတ်ဓာတ်မြှင့်တင်ပေးခဲ့တဲ့ မာတီနယ်လီရဲ့ချစ်သူ
၅။ ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီး ဇယားထိပ်မှာ ၅မှတ်ဖြတ် ရပ်တည်နေတဲ့ လီဗာပူး
အနုပညာသတင်းများ
၁။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်သင်တန်းသားတွေနဲ့အတူ Celebration Party ပွဲကျင်းပခဲ့တဲ့ ယွန်းသီရိ
၂။ အသံနဲ့အမူအယာတွေက ငယ်ငယ်ကပုံစံ ကြိုးစားသရုပ်ဆောင်ထားပေမယ့် ကျောင်းသားက Gym ဆော့တော့ ခန္ဓာကိုယ်ကထွားနေတယ်ဆိုတဲ့ ချာလီ
၃။ မိန်းကလေးဆိုတာ အဆင်းရော၊ အချင်းပါ နှစ်ခုလုံးမျှတအောင်နေထိုင်မှ Confidence ရှိတာပါ ဆိုတဲ့ သီရိရှင်းသန့်
၄။ ကျွန်တော့် ကာရိုက်တာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကောင်းစေချင်လို ဝေဖန်တာကို လက်ခံပါတယ် ဆိုတဲ့ အေးချမ်းမောင်