
(၂၁-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၁-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ရွေးကောက်ပွဲ၌ မိမိတိုရွေးချယ်မည့် ရွေးကောက်ခံကိုယ်စားလှယ်များသည် နိုင်ငံကောင်းအောင်ဆောင် ရွက်နိုင်မည့်သူများဖြစ်ရန်လို
၂။ မြန်မာ -အိန္ဒိယ နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍာများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်
၃။ ကချင်အထူးဒေသ (၁) ၏ ထာဝရငြိမ်းချမ်းရေးအဖွဲချုပ်မှလည်း ရွေးကောက်ပွဲကို အလေးအနက်ထားကြိုဆို ထောက်ခံ
၄။ NCA (၁၀) နှစ်တာကာလအတွင်း အကောင်ထည်ဖော်နိုင်မှု၊အောင်မြင်မှုများ နှင့် သင်ခန်းစာများကို ဆန်းစစ်သုံးသပ်ပြီး အတွေ့အကြုံများနှင့် အမြင်များကို မျှဝေနိုင်ရန် စီစဉ်နေ
၅။ ရွေးကောက်ပွဲပျက်ပြားစေရန် လှုဆော်စာ စတေကာကပ်သူများကို အရေးယူ
၆။ အကြမ်းဖက် KIA အဖွဲ၏ လုပ်ရပ်ကြောင့် ရွှေကူမြို ဘုမ္မိဇေယျ ရွှေပေါ်ကျွန်းသမိုင်းဝင်စေတီတော် ဘုရားကြီးရှိ ဘုရားစေတီ၊ ကျောင်းများ ပြိုကျပျက်စီး
၇။ စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေအပြင်Non-trade payment တွေအတွက် အမေရိကန်ဒေါ်လာ ၅ သိန်းကျော် ဗဟိုဘဏ် ထုတ်ရောင်း
၈။ စက်တင်ဘာလ ၂၀ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၉၅ ကျပ်၊ Octane 95 – ၂၉၇၀ ကျပ်၊ Diesel – ၂၅၇၅ ကျပ်၊ Premium Diesel – ၃၁၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ တရုတ်ကနေ ဥရောပကို သွားဖို အာတိတ်သမုဒ္ဒရာထဲမှာ ရေလမ်းကြောင်းတစ်ခုကို ရှာဖွေနေ
၂။ နယ်စပ်အရေး ကမ္ဘောဒီးယား၊ ထိုင်းဝန်ကြီးချုပ်များနှင့် အန်ဝါ ဆွေးနွေး
၃။ အက်စတိုးနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကို နေတိုးမဟာမိတ် နိုင်ငံများက မဆင်မခြင်လုပ်ရပ်ဟု ရှုတ်ချ
၄။ အမေရိကန်က ဗင်နီဇွဲလားနိုင်ငံတွင် ၎င်းတိုအလိုကျလုပ်ကိုင်မည့် သားပိုက်ကောင်အစိုးရအဖွဲပြောင်းလဲရန် ဗင်နီဇွဲလားသမ္မတပြော
၅။ ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေးအတွက် တောင်းဆိုဖို အချိန်မတန်သေးဘူးလို ဒေါ်နယ်ထရမ့်ပြော
၆။ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုတာက ဟားမက်အဖွဲကို သီးခြားခွဲထုတ်ဖိုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို ပြင်သစ်ပြော
အားကစားသတင်းများ
၁။ ကမ္ဘာ့အဆင့် chess championships ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဥ်ပြိုင်ခွင့်ရခဲ့တဲ့ chess ချန်ပီယံလေးမောင်သာစစ်
၂။ ဖဲလစ္စရဲ့ အပြောင်းအရွှေ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့တဲ့သူတွေကို သောက်ရူးတွေလို တုံပြန်ခဲ့တဲ့ ရော်နယ်ဒို
၃။ ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်နဲ့အတူ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်လိုက်တဲ့ လီဗာပူး
၄။ နယူးကာဆယ်နဲ့ နာမည်ကျော် ဘောလုံးသမားတွေမချီးကျူးပဲမနေနိုင်ခဲ့တဲ့ ဒီယောင်းနဲ့ ပက်ဒရစ်
၅။ အမိုရင်ကို ကာကွယ်ပေးခဲ့တဲ့ မက်ဂွိင်းယား
အနုပညာသတင်းများ
၁။ မင်းတိုထွက် ရက်ရာဇာကို iPhone နဲ့ ရိုက်ခဲ့တာမို ဆင်ဆာကို ရုပ်ရှင်ဆန်ဆန်ပိတ်ကားပေါ်ကြည့်ချိန်မှာ Wowဖြစ်ခဲ့တယ်ဆိုတဲ့ ညိုမင်းလွင်
၂။ ကျောင်းတုန်းက ကိုယ် Crush တဲ့ ကောင်မလေးကို ခိုးကြည့် ချောင်ကြည့်း ကြိတ်ကြံပြီးတော့ လက်ဆောင်တွေ ပေးခဲ့ဖူးတယ် ဆိုတဲ့ စိုင်းစည်တွမ်ခမ်း
၃။ ညီအမနှစ်ယောက်ဆိုပေမယ့် Type မတူတော့ တစ်ယောက်နဲ့တစ်ယောက် Blame ဖိုပဲ သိတယ် ဆိုတဲ့ သင်းန္ဒီဇော်