// | DailyBriefNews မြန်မာနိုင်ငံ ယာယီသမ္မတ ဟာပင်းမြို့ သို့ ရောက်ရှိ -

မြန်မာနိုင်ငံ ယာယီသမ္မတ ဟာပင်းမြို့ သို့ ရောက်ရှိ

တရုတ်နိုင်ငံကို အလုပ်သဘောခရီးသွားရောက်နေသည့် မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ စက်တင်ဘာ(၄)ရက်မနက်ကိုးနာရီတွင် ဟာပင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာပြီးဖြစ်ကြောင်း သိရသည်။

ယာယီသမ္မတဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘေဂျင်းမြို့မှ ယနေ့(စက်တင်ဘာ ၄ ရက်) ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ Beijing Capital International Airport မှ ဟေလုံကျန်းပြည်နယ်၊ ဟာပင်းမြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီး ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဘေဂျင်းမြူနီစီပယ် အစိုးရမှ တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်  ပို့ဆောင်နှုတ်ဆက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပေကျင်းမြို့မှတစ်ဆင့် ဟာပင်းမြို့သို့ မြန်မာနိုင်ငံတော် ယာယီသမ္မတဆက်လက်ထွက်ခွာ
Next post “ပေါက်နေပြီ” Album Live Show အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲကျင်းပခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒနဲ့ ကျော်ကျော်အိန္ဒြာ