// | DailyBriefNews TBEA ကုမ္ပဏီအနေဖြင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများကို မြန်မာနိုင်ငံ၌တည်ဆောက်ထုတ်လုပ်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတဖိတ်ခေါ် -

TBEA ကုမ္ပဏီအနေဖြင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများကို မြန်မာနိုင်ငံ၌တည်ဆောက်ထုတ်လုပ်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတဖိတ်ခေါ်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Tebian Electric Apparatus(TBEA)ကုမ္ပဏီအနေဖြင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများကို မြန်မာနိုင်ငံ၌ တည်ဆောက်ထုတ်လုပ်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတမှ TBEA ကုမ္ပဏီအား စက်တင်ဘာ ၃ ရက်ညနေပိုင်းကသွားရောက်၍ ခင်းကျင်းပြသထားသော TBEA ကုမ္ပဏီမှ ဆောက်လုပ်ထားသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ကမ္ဘာတစ်ဝန်းစွမ်းအင်ထုတ်လုပ်ရေး၊ သတ္ထုထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်‌နေမှု၊ လျှပ်စစ်ပစ္စည်းများထုတ်လုပ်တပ်ဆင်သော လုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့သည်။

ထို့နောက် ကုမ္ပဏီတာဝန်ရှိသူနှင့်တွေ့ဆုံ၍ TBEA ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများကို မြန်မာနိုင်ငံတွင်တည်ဆောက်ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်နှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်နိုင်မှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် သတ္ထုတူးဖော်ရေးလုပ်ငန်းများ၌ အတူတကွပူးပေါင်းဆောင်ရွက်၍ ကုန်ချော‌ထုတ်လုပ်နိုင်မှု၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတိုးတက်ရေးအတွက် အတူတကွပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၉-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post (၄-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်