
တီယန်ကျင်းမြို မှ ပေကျင်းမြို့သို နိုင်ငံခေါင်းဆောင်ကြီး အမြန်ရထားဖြင့် ထွက်ခွာ
နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀:၃၀ အချိန်(တရုတ်စံတော်ချိန်) ၌ တီယန်ကျင်းဘူတာ မှ ပေကျင်းမြို့သို့ အမြန်ရထားဖြင့် ထွက်ခွာခဲ့သည်။ ပေကျင်းမြို့ Southern Station ဘူတာသို့ နိုင်ငံခေါင်းဆောင်ကြီး ရောက်ရှိချိန်၌ ပေကျင်းမြူနီစီပယ်အစိုးရ ဒုဝန်ကြီးအဆင့် ဦးဆောင်သော တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်မည်ဖြစ်သည်။
ထိုနောက် နိုင်ငံခေါင်းဆောင်ကြီးသည် ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာသို့ ဆက်လက်ထွက်ခွာမှာ ဖြစ်ပြီး ယနေ့ မွန်းလွဲ မတိုင်မီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုသမ္မတ H.E. Mr. Han Zheng နှင့် သီးခြားတွေ့ဆုံမည် ဖြစ်သည်။

ထိုနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုသမ္မတ H.E. Mr. Han Zheng သည် နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် အား နေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံမည် ဖြစ်သည်။
ထို့နောက် နိုင်ငံခေါင်းဆောင်ကြီးသည် စွယ်တော်ကျောင်းတိုက်သို့ ဆက်လက်ထွက်ခွာပြီး ဗုဒ္ဓစွယ်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုမည်ဖြစ်သည်။ ဆက်လက်ပြီး နိုင်ငံခေါင်းဆောင်ကြီးသည် မြန်မာသံရုံးရှိ သံရုံး/စစ်သံရုံးမိသားစုဝင်များ သင်တန်းသားများကို တွေဆုံ ဩဝါဒ စကားပြောကြားမည် ဖြစ်သည်။