
နိုင်ငံ့အကြီးအကဲများအားလုံးက မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲကို ထောက်ခံအားပေး
တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိနေကြသော မြန်မာနိုင်ငံတော်ယာယီ သမ္မတ၊နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံသမ္မတ သောင်လောင်ဆီဆိုလစ်တို့သည် ယနေ့ စက်တင်ဘာ ၁ ရက်ကသီးသန့်တွေ့ ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် လာအိုနိုင်သမ္မတမှ အခြားနိုင်ငံ့ခေါင်း ဆောင်များနည်းတူ မြန်မာနိုင်ငံတွင်ကျင်းပမည့်လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ထောက်ခံကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကို စေလွှတ်ပေးသွားမည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာ-လာအိုနှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအစိုးရချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေ အနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်မည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးတို့ကိုအား ဆွေးနွေးခဲ့ကြသည်။
