
ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံကြီးမှာ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိ
ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၄ ခုနှစ်၊ ဇူ လိုင် ၁၈ ရက်မှစတင်၍ နေအိမ်၌ဆေးခွင့်ဖြင့်အနားယူကာ ဆေးကုသမှုခံယူနေခဲ့ရသော ယာယီသမ္မတဦးမြင့်ဆွေသည် လက်ရှိအချိန် ၌ အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြင့် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်ဟု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံ ရေးကောင်စီက ယနေ့ သြဂုတ် ၅ ရက်ကအသိပေးခဲ့သည်။
ယာယီသမ္မတဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်းနှင့် အစာ အာဟာရစားသုံးနိုင်မှုအားနည်းလာခြင်းတိုခံစားခဲ့ရသဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြရာ အာရုံကြောများနှေးကွေးတုန့်ဆိုင်းသည့်ရောဂါ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတိုခံစားနေရသည်ကိုတွေ့ရှိခဲ့ရသည်။

ထိုကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center ၊ မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိအမှတ် (၂) တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တိုတွင် ဆေးကုသမှုများခံယူခဲ့ပြီးနောက် ကျန်းမာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းဦးဆောင်သည့် အထူးဆေးကုသမှုအဖွဲဖြင့်ကျန်းမာရေးစစ်ဆေးကုသမှုများဆက်လက်ပြုလုပ်ခဲ့သည်။
ထိုသို ကုသမှုခံယူလျက်ရှိသော်လည်း ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာတိုးတက်ကောင်းမွန်လာခြင်းမရှိ၍ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်မှစတင်ပြီး နေအိမ်၌ပင်ဆေးခွင့်ဖြင့်အနားယူကာ ဆေးကုသမှုဆက်လက်ခံယူနေခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှုလျော့နည်းလာခြင်းတိုကြောင့် ဇူလိုင် ၂၄ ရက်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ထပ်မံတက်ရောက်ကုသမှုခံယူခဲ့ရသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ ရောဂါစစ်ဆေးချက်များအရ လက်ရှိအခြေအနေတွင် အထူးစိုးရိမ်ဖွယ် ရာအခြေအနေဖြစ်၍ အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသည်။