
ဘုရင့်နောင်မင်းတရားကြီးတည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသော“ကမ္ဘောဇသာဒီ”ရွှေနန်းတော်
ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဟံသာဝတီဒေသ၌ အကျယ်အဝန်း (၃၄၀၀) စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်ပါရှိပြီး မြို့တံခါးပေါင်း(၂၀)ဖြင့် ကြီးကျယ်ခမ်းနားလှသည့် “ကမ္ဘောဇသာဒီ”ရွှေနန်းတော်သစ်ကြီးကိုတည်ဆောက်ခဲ့သည်။
အဆိုပါ “ကမ္ဘောဇသာဒီ”ရွှေနန်းတော်သစ်ကြီး၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများကိုပြုပြင်ထိန်းသိမ်းလျက်ရှိရာ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့မှ သြဂုတ် ၃ ရက်က သွားရောက်ကြည့်ရှုခဲ့ကြသည်။

ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ သ မိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့်တန်ဖိုးဖြတ်၍မရနိုင်သည့် အဖိုးတန်အမွေအနှစ်များဖြစ်၍ ပြုပြင်ထိန်းသိမ်းရာတွင် အသေးစိတ်စ နစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်းထိန်းသိမ်းရမည်ဟု မှာကြားသည်။
” ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်ရဲ့ အမျိုးဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုဓလေ့ထုံး တမ်းစဉ်လာတွေ အနုသုခုမပညာရပ်တွေ ဘုရင့်နန်းတော်ကြီးတွေရဲ့ ကြီးကျယ်ခမ်းနားစွာတည် ဆောက်ထားမှုတွေနဲ့ ဩဇာတိက္ကမကြီးမားကျယ် ပြန့်ခဲ့တာတွေကို ပုံပေါ်အောင်ခင်းကျင်းပြသ ထိန်း သိမ်းသွားဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကိုဆက် လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက် တစ်ဆက်တည်းဖြစ်အောင်ဆောင်ရွက်ရမည်ဟုမှာကြားပြီး ဘုရင့်နောင်မင်းတရားကြီးစီးနင်းအသုံးပြုခဲ့သည့် မြင်း(၁၆)ကောင်ကသော ရထားတော်ကြီး မူလအရွယ်အစားပုံစံတူပြဆောင်အား ရှေးမူမပြတ် ပြန်လည်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးနတ်ရွာစံပြီးနောက် သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ကာ “ကမ္ဘောဇသာဒီ”နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရ၍ နှစ်ပေါင်း(၄၀၀)ကျော်ခန့်အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့သော “ကမ္ဘောဇသာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနမှ ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်မှုများပြုလုပ်ခဲ့ကြသည်။
မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ်၊ ဒီ ဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကိုတွေ့ရှိခဲ့ပြီး ယင်း နေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကိုလည်းတွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားကာ ယင်း “ကမ္ဘောဇသာဒီ”နန်း တော်ကြီးအား ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကိုတူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူပြန်လည်တည်ဆောက်ထားသည်။