// | DailyBriefNews နစက နိုင်ငံတော်တာဝန်ယူစဥ် ကမ္ဘာ့အင်အားကြီး (၄)နိုင်ငံအနက်(၃)နိုင်ငံနှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ -

နစက နိုင်ငံတော်တာဝန်ယူစဥ် ကမ္ဘာ့အင်အားကြီး (၄)နိုင်ငံအနက်(၃)နိုင်ငံနှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့

နိုင်ငံတော်တာဝန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူထားစဥ် နိုင်ငံတကာဆက်ဆံရေးကိုလွှမ်းမိုးထားသည့် ကမ္ဘာ့အင်အားကြီး(၄) နိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်နိုင်ခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

နစက တာဝန်ယူထားသည့်ကာလအတွင်း နိုင်ငံတ ကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကာ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း GMS | MLC | ACMECS | CLMV BIMSTECS EURASIA ECONOMIC FORUM ၊ RUSSIAN VICTORY DAY စသည့်အခမ်းအနားများသို့ပါဝင်တက်ရောက်ခဲ့သည်ဟု ဆွေးနွေးတင် ပြသည်။

ထိုသို့ တက်ရောက်ပြီးနောက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံပေါင်း(၁၉)နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကာ အပြုသဘောဆောင်သည့် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော်ထူထောင်နိုင်ခဲ့ခြင်းသည် Summit Diplomacy ၏အောင်မြင်မှုတစ်ရပ် အ ဖြစ်တွေ့မြင်ရမည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

” အထူးသဖြင့် နိုင်ငံတကာဆက်ဆံရေးကို လွှမ်းမိုးထားတဲ့ ကမ္ဘာ့အင်အားကြီး(၄)နိုင်ငံအနက် တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတွေနဲ့ ထိပ်သီးအဆင့်တွေ့ဆုံဆွေးနွေးမှုတွေဆောင်ရွက်နိုင်ခဲ့ပြီး အပြုသဘော မြှင့်တင်နိုင်ခဲ့ပါတယ်။ ထောက်ခံအားပေးမှုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အဲဒီလိုတွေ့ဆုံစဉ်က မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ရာမှာလည်း နိုင်ငံအသီးသီးက အပြုသဘောထောက်ခံအားပေးခဲ့ကြတာကို တွေ့ရှိရပါတယ်”ဟု ဝန်ကြီးဦးသန်းဆွေက ဆွေးနွေးတင်ပြခဲ့သည်။

လက်ရှိအချိန်ကာလသည် နိုင်ငံတကာဆက်ဆံရေးတွင် အောင်မြင်မှုများရရှိနေသည့်ကာလဖြစ်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကျင်းပရန် အချိန်အခါကောင်းဖြစ်သည်ဟုလည်း ဆွေးနွေးတင်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၈-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ