
ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်တွင်ကျင်းပ
ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် “ငလျင်ကာလအလွန်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအတွက် နည်းပညာဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာစိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း” ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တက်ရောက်ဂုဏ်ပြုကာ အမှာစကားပြောကြားခဲ့ပြီးနောက် ငလျင်အလွန် Damage Assessment နှင့် Earthquake Clinic ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီ တို့အား အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့သည်။

ထို့နောက် နစကဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနည်းပညာဆိုင်ရာပြခန်းများကို လိုက်လံကြည့်ရှုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ အထပ်မြင့်နှင့် အများပြည်သူသုံး အဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းများ ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့၊ နည်းပညာတက္ကသိုလ်၊ ရှေးဟောင်းတက္ကသိုလ်ဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့တော်စည်ပင်သာယာရေးကော်မတီ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအပြင် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပပညာရှင်များ ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တက်ရောက်ကာ တက်သိပညာရှင်များမှ အပိုင်း(၅)ပိုင်းဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခြင်းကို ၂၈ရက်နှင့် ၂၉ ရက် (၂) ရက်ကြာ ဆွေးနွေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။