
(၂၈-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ၊ အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိ
၂။ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ ကျောင်းတိုက် (IBEC)မှ အောင်ချက်ရာခိုင်နှုန်း (၄၁.၄၆) ရာခိုင်နှုန်းရှိ
၃။ ပါတီကိုစိတ်ဝင်စားသူနှင့် နိုင်ငံ့အကျိုးဆောင်ရွက်ချင်ကြသည့် ပြည်သူများကို ပါတီဝင်ရန်ဖိတ်ခေါ်ထား
၄။ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည် ဖွင့်လှစ်နိုင်ပြီးနောက် မြဝတီအထိ လမ်းပြန်ပွင့်ဖွယ်ရှိ
၅။ PDF များ ရက် ၂၀ ကျော်ကြာ ဖမ်းဆီးထားသည့် ပရဟိတသစ်ပင်စိုက်သူ ရေနံသာဒင်္ဂါး ပြန်လည်လွတ်မြောက်လာသော်လည်း သစ်တောဝန်ထမ်းသုံးဦးနှင့် အုပ်ချုပ်ရေးမှူး မလွတ်မြောက်သေး
၆။ နောင်ချိုမြိုနယ်၊သုံးဆယ်ရွာ (မိုးကုတ်မြိုသိုသွားသည့် လမ်းပိုင်း) ကို တပ်မတော်က ထိန်းချုပ်နိုင်ပြီးနောက် ဒေသခံများကို စားရေးရိက္ခာများကို ဝေငှပေးလျက်ရှိ
၇။ TNLA အဖွဲက ယာယီထိန်းချုပ်ထားသည့် မိုးကုတ်မြိုတွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်
၈။ ဇူလိုင်လ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၉၀၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၃၅ ကျပ်၊ Octane 95 – ၂၉၉၀ ကျပ်၊ Diesel – ၂၇၁၀ ကျပ်၊ Premium Diesel – ၃၃၅၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ မီဒီယာ၊ တတ်သိပညာရှင်များထိပ်သီးအစည်းအဝေးက ရှန်ဟိုင်းစိတ်ဓာတ်အရ ကူးလူးဖလှယ်မှု အဆင့်မြှင့်တင်ရေးအား တိုက်တွန်း
၂။ ရုရှားကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေး ကောင်စီမှာ တရုတ်နဲ့ အမေရိကန် ငြိကြပြီ
၃။ ဥရောပနိုင်ငံတွေက ရွှေ့ပြောင်းတွေကိုလက်ခံပြီး ကိုယ့်ကိုယ်ကို သတ်သေနေကြတာလို ထရမ့်ပြော
၄။ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်သမ္မတကပါ တိုက်တွန်းပြောဆိုလာသော်လည်း ထိုင်း – ကမ္ဘောဒီးယားတိုက်ခိုက်မှုများက စတုတ္ထနေ့အဖြစ် ဆက်လက်ဖြစ်ပွား
၅။ နယ်ချဲ့ဝါဒဆန့်ကျင်ရေးနှင့် အမေရိကန်ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် အောင်မြင်မှုရရှိလိိမ့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ပြောကြား
၆။ မလေးရှားတွင် စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်သဖြင့် ဆန္ဒပြမှုများ ဖြစ်ပွား
အားကစားသတင်းများ
၁။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အောင်ပွဲရ ကရင်ပြည်နယ်ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆို
၂။ ဗန် ကို စိန်ခေါ်လိုက်တဲ့ အယ်မာဘာယက်ဖ်
၃။ ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ
၄။ ရာသီအကြို ခြေစမ်းပွဲ ပထမဆုံးပွဲမှာ VISSEL KOBE ကို ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘာစီလိုနာ
၅။ နယူးကာဆယ်ကို အကြိတ်အနယ်ကစားပြီး နောက်ကျပင်နယ်တီနဲ့ အနိုင်ယူနိုင်ခဲ့တဲ့ အာဆင်နယ်
အနုပညာသတင်းများ
၁။ ဇာတ်ကားတွေကို ကုန်ကျစရိတ် ကြည့်ရိုက်ရတာလည်း အချုပ်နှောင်တစ်ခုဖြစ်နေဝာာမျိုးရှိတယ် ဆိုတဲ့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)
၂။ EV Power က ကျင်းပတဲ့ BYD SEAL မိတ်ဆက်ပွဲအခမ်းအနားကို အနုပညာရှင်များစွာတက်ရောက်ခဲ့
၃။ အသက် ၄၁ နှစ်အရွယ်ဆိုပေမယ့် ကလေးတွေနဲ့ အပြိုင်ကဲနေလို နုနေတာဆိုတဲ့ Ar T
၄။ ဟာသဇာတ်လမ်းပုံစံ “ညိုကီတို” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးပွဲအခမ်းအနားကျင်းပ