// | DailyBriefNews မကြာမီ ကမ္ဘောဒီးယား Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ဖွင့်လှစ်တော့မည် -

မကြာမီ ကမ္ဘောဒီးယား Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ဖွင့်လှစ်တော့မည်

ဇူလိုင်လ ၁၀ ရက်

ကမ္ဘောဒီးယားနိုင်ငံ၏ လေဆိပ်သစ်လည်ပတ်ပါက လက်ရှိဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ စီမံခန့်ခွဲနိုင်သောခရီးသည်ထက်ခြောက်ဆခန့်  ခရီးသွားလာနိုင်မည်ဟု ခန့်မှန်းထားပါတယ်။

Kandal ပြည်နယ်တွင် တည်ရှိသော ကမ္ဘာ့အဆင့်မီ အဆင့်လေဆိပ်ဖြစ်သည့် Techo International Airport ကိုလာမည့်စက်တင်ဘာလ ၉ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်အတွင်းဝန်ရုံး (SSCA) က ယမန်နေ့တွင် တရားဝင်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘောဒီးယားနိုင်ငံလေကြောင်းကဏ္ဍကို အားကောင်းစေရန် အစိုးရ၏ ရေရှည်မဟာဗျူဟာတစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဒေသတွင်း သယ်ယူပိုဆောင်ရေးဗဟိုအချက်အချာအဖြစ် ထားရှိကာခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို သိသိသာသာ မြှင့်တင်နိုင်မည်ဟု မျှော်လင့်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဆုတ်နှစ်ခြမ်းအစားမထိုးမီ လေးကြိမ်သေဆုံးခဲ့ရတဲ့ UFC ဖိုက်တာဟောင်း Ben Askren
Next post (၁၀-၇-၂၀၂၅)ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ