// | DailyBriefNews တစ်ချိန်က လူငယ်ပရိသတ်များစွာထဲမှာ အောင်မြင်ခဲ့သည့် TEENS အဖွဲ့ဝင် ကိုထူး (ခ) ထူးဝင်းဖေ ကွယ်လွန် -

တစ်ချိန်က လူငယ်ပရိသတ်များစွာထဲမှာ အောင်မြင်ခဲ့သည့် TEENS အဖွဲ့ဝင် ကိုထူး (ခ) ထူးဝင်းဖေ ကွယ်လွန်

2000 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ TEENS အဖွဲ့ဟာ လူငယ်တွေကြားထဲမှာ ရေပန်းစား လူကြိုက်များခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့သလို မင်းရဲ့စိတ်နဲ့ ၊ မင်းကိုချစ်နေမယ်၊ သကြန်သီချင်းဖြစ်သည့် မျှော်နေပြီ မဏ္ဍပ်မှာ စတဲ့သီချင်းများစွာကလည်း လူကြိုက်များခဲ့တဲ့သီချင်းတွေဖြစ်ကြပါတယ်။

ဇူလှိုင်လ ၉ ရက်နေ့ မနက် ( 8:15 ) မိနစ်အချိန်တွင် အဖွဲ့ဝင်ဖြစ်သည့် အဆိုတော်ကိုထူး (ခ) ထူးဝင်းဖေ သည်ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်းသိရှိရပါသဖြင့် DBN မီဒီယာမှ မိသားစုနှင့်ထပ်တူဝမ်းနည်းမိပါကြောင်း ပြောကြားရင်းဖြင့် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ၁၃၈၇ ခုနှစ် ဝါဆိုလပြည့်တွင် ရွှေတိဂုံစေတီတော် အပါအဝင် ဘုရားစေတီများ၌ ဘုရားဖူးလာရောက်သူများပြား 
Next post (၁၀-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်