
ကောင်းကင်ဘာကြောင့်ပြာ ရုပ်သံဇာတ်လမ်းတွဲ Show Like application တွင်ပြသမည်
ဒါရိုက်တာ ပွင့်သိင်္ဂီဇော် ရိုက်ကူးပြီး သူထူးစံ ရှိန်းတင်ထူး ခြူးလေး ပက်စီ မြတ်ရတနာကျော် နဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကောင်းကင်ဘာကြောင့်ပြာ ရုပ်သံဇာတ်လမ်းတွဲ Press Show ပြသပွဲကို ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
“ကိုယ်က ဇာတ်လမ်းတွဲရိုက်ထားတာအရမ်းများနေတော့ မရိုက်တော့ဘူးလုပ်နေတာ မပွင့်က အရင်ဖတ်ကြည့်ပါဦးဆိုတော့ ဖတ်လိုက်တော့ ငိုလိုက်ရတာအရမ်းပဲ။ ကိုသားကြီးနဲ့ မနန္ဒာ ကားလေးရှိတယ် လို့ တစ်ခါ ထပ်ကြည့်တော့ ငိုရပြန်ရော၊ ကိုယ်လည်းအရမ်းတက်ကြွပြီး ဆံပင်တွေပါညှပ်ချလိုက်တာလေ၊ မနန္ဒာက အရမ်းချစ်ရတဲ့သရုပ်ဆောင်ပါ၊ အတတ်နိုင်ဆုံးတော့ မနန္ဒာနဲ့နည်းနည်းကွဲအောင်ကြိုးစားထားပါတယ်..”>>လို့ သရုပ်ဆောင် အကယ်ဒမီ ခြူးလေးက ဆိုပါတယ်။

အဆိုပါကားမှာ အပိုင်း ၁၂ ပိုင်း ပါဝင်တဲ့ အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို Show Like Application မှာ ဇူလိုင် ၁၂ ရက်မှ စတင်ပြသမယ်လို ဆိုပါတယ်။လမင်းမိုမိုရဲ့ ဝတ္ထုကို ဇာတ်ညွှန်း ရွှေရည်ရွှန်းလဲ့ က ရေးသားထားတာ ဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။
