(၂-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၇-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ြည်တွင်းသတင်းများ

၁။ ယခုလမှစတင်၍ အာဆီယံ-ကိုင်ရို ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ဆောင်ရွက်မည်

၂။ စစ်ကိုင်းနဲ့ကရင်ပြည်နယ်မှာ အီလက်ထရောနစ်မဲပေးစက်နဲ့ လက်တွေ့စမ်းသပ်မဲပေး

၃။ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၆ ဦး တွေ့ရှိ

၄။ ငလျင်ဒဏ်ကြောင့် ကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်မှု ဇွန်လတွင် ပြန်လည်နာလန်ထူလာပြီး တည်ငြိမ်မှုဘက်ကို ဦးတည်နေ

၅။ လားရှိး ပြည်သူ့ဆေးရုံတွင် မွေးရာပါ နှုတ်ခမ်းကွဲ/အာခေါင်ကွဲ လူနာများကို (၅) ရက်ကြာ ကုသပေးမည်

၆။ သာစည်မြိုနယ်တွင် PAJERO ယာဉ်ပေါ်မှ ကျပ်သိန်းကိုးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

၇။ အကြမ်းဖက်တွေ တစ်နှစ်နီးပါး စိုးမိုးထားတဲ့ ပခုက္ကူမြိုနယ် သာကြီးတောင်ရေနံမြေစခန်းကို တပ်မတော် ပြန်လည်ထိန်းချုပ်

၈။ ဇူလိုင်လ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၈၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၄၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၇၃၀ ကျပ်၊ Premium Diesel – ၃၃၈၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆိုမှုများဖျက်သိမ်းကြောင်း အမိန့်အား လက်မှတ်ရေးထိုး

၂။ ထိုင်းဖွဲစည်းပုံအခြေခံဥပဒေ တရားရုံးက ဝန်ကြီးချုပ်ပေတုန်တန်ရှင်နာဝါထရာကို ဝန်ကြီးချုပ်တာဝန်များမှ ဆိုင်းငံ့ကြောင်း ထုတ်ပြန်

၃။ အီရန်က ၎င်းရဲ့ နျူ့စက်ရုံတွေကို လပိုင်လေးမှာပဲ ပြန်လည်ပတ်နိုင်မယ်လို ဆို

၄။ ရုရှားကို အနိုင်ယူဖို အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေက ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို ရုရှားပြော

၅။ အမေရိကန်သမ္မတ၏ USAID အစီအစဉ်ဖြတ်တောက်မှုများကြောင့် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လူပေါင်း ၁၄ သန်း သေဆုံးနိုင်သည်ဟု လေ့လာမှုတစ်ခုက သတိပေး

၆။ ရုရှားက ဥရောပသမဂ္ဂအဖွဲဝင် နိုင်ငံများမှ မီဒီယာ ၁၅ ခုအပေါ် အကန့်အသတ် အစီအမံ လုပ်ဆောင်ရန် ဆုံးဖြတ်

အားကစားသတင်းများ

၁။ ဇူလိုင်လ (၂)ရက်နေ့ ညနေ (၄:၀၀)နာရီမှာ ယှဉ်ပြိုင် ကစားသွားမည့် မြန်မာ Vs ဘင်္ဂလားဒေ့ရှ်

၂။ Kickboxing အားကစားနည်းမှ အားကစားသမားများ လူရွေးချယ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် IMANE AMATEUR FUTSAL CUP 2025 ဖူဆယ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

၃။ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အယ်လ်ဟီလယ်ဂိုးသမားဘိုနိုဟာ မျက်ရည်ကျခဲ့ရ

၄။ အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကနေ ကီပါကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို ကြေညာလိုက်ပြီဖြစ်

၅။ Club World Cup ရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ် တွေ့ဆုံနေ

အနုပညာသတင်းများ

၁။ ပရိသတ်မြင်ကွင်းက ပျောက်ကွယ်နေတဲ့ အိန္ဒြာကျော်ဇင်က အရည်အချင်းရှိတဲ့ သရုပ်ဆောင်ဝါသနာရှင်တွေ မွေးထုတ်ပေးမယ့် “Rising Show with Eaindra Kyaw Zin”သရုပ်ဆောင်ပြိုင်ပွဲခေါင်းစဥ်နဲ့ ပြန်လည်ထွက်ပေါ်လာ

၂။ Glitter and Bitter အစီအစဉ်မှာ ဘယ်နေ့အဆဲခံရမလဲဆိုပြီး ကြောက်နေရပြီဆိုတဲ့ မိတ်ကပ်ဆူး

၃။ အောင်ချမ်းအေးကြောင့် ဘဝကို အဆင်ပြေပြေလေးဖြတ်သန်းနိုင်ခဲ့တာပါဆိုတဲ့ ထက်ထက်

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၇-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ
Next post မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ဝတ်စားဆင်ယင်မှုပြပွဲနှင့် ဂီတဖျော်ဖြေပွဲသို့ နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက်အားပေး