
(၂၈-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၈-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂအဖွဲကြီး၏ အခန်းကဏ္ဍသည် အရေးကြီးဟု နစက ဥက္ကဋ္ဌပြော
၂။ ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ
၃။ မန္တလေးမြိုတွင် ငွေကျပ် ၂၉၅ ဘီလီယံကျော်တန်ဖိုးရှိ မူယစ်ဆေးဝါးများ မီးရှိဖျက်ဆီး
၄။ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ
၅။ အုတ်တွင်းမြိုနယ်တွင် သေဆုံးခဲ့သည့် ကလေးငယ်၏အမှုမှ ကျူးလွန်ခဲ့သည့် မွေးစားမိဘနှစ်ဦးကို ထောင်တစ်သက်လွတ်ရက်မရှိအပါအဝင် ထောင်ဒဏ်များ ချမှတ်
၆။ မဟာအောင်မြေမြိုနယ်၌ သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူသူ ၃ ဦးအနက် ၂ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး
၇။ သာသနာပိုင်ယာဥ်ကိုစီးလာတဲ့ အကြမ်းဖက် PDF က လုံခြုံရေးအဖွဲကို ယာဥ်ပေါ်ကပစ်ခတ်
၈။ ဇွန်လ ၂၇ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၁၄၀ ကျပ်၊ Octane 95 – ၃၂၁၀ ကျပ်၊ Diesel – ၂၇၃၀ ကျပ်၊ Premium Diesel – ၃၃၈၅ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ဗလာဒီမာပူတင် ဘီလာရုစ်သို နှစ်ရက်ကြာ ခရီးစဉ် ရောက်ရှိ
၂။ ပါကစ္စတန်ကို ထောက်ခံတဲ့ ကြေညာချက်လိုဆိုကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်ကို အိန္ဒိယနိုင်ငံက လက်မှတ်ရေးထိုးရန် ငြင်းဆို
၃။ ဂျပန်မှာ ဇွန်လ ၂၁ ရက်ကစ ငလျင်ငယ်ပေါင်း ၄၀၀ ကျော် လှုပ်ခတ်
၄။ အီရန်ကို နျူလက်နက်မပြန့်ပွားရေး စာချုပ်ကနေ မထွက်အောင် နိုင်ငံတကာက လုပ်သင့်ကြောင်းပြင်သစ်ဆို
၅။ ကင်ညာနိုင်ငံ ဆန္ဒပြမှုများ၌ လူ ၁၆ ဦးသေဆုံးပြီး လူရာနှင့်ချီ၍ ဒဏ်ရာရမှုများဖြစ်ပွား
၆။ ဘီလီယံနာတွေ တိုးလာတာ ဆင်းရဲမွဲတေမှုတွေကို ပိုဖြစ်လာစေတယ်လို အောက်စ်ဖန်းက ဆို
အားကစားသတင်းများ
၁။ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်
၂။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းနည်းပြချုပ်၊ အမျိုးသားအသင်း ဂိုးနည်းပြများနှင့် စာချုပ်ချုပ်ဆို
၃။ အောင်မြင်မှုအတွက် အားလုံးကို ဆုချခဲ့တဲ့ ဘာဆာ
၄။ ပရိသတ်တွေ စိတ်ပျက်ရမယ့် အပြောင်းအရွှေ့ကို ပြုလုပ်ဖို ကြံနေတဲ့ အာဆင်နယ်
၅။ ဆဲလ်ဘတ်ကို ဂိုးပြတ်အနိုင်ယူကာ ရှုးထွက်အဆင့်ကို တက်ရောက်သွားတဲ့ ရီးရဲလ်မက်ဒရစ်
အနုပညာသတင်းများ
၁။ “ပဉ္စလက်မိုး” ရုပ်ရှင်ကားကြီးကို ရုံမတင်ခင်ဦးဦးဖျားဖျား ပရိသတ်တွေနဲ့အတူ Fan Show ကျင်းပခဲ့တဲ့ စိုင်းစိုင်းခမ်းလှိင်
၂။ အမေကို လုပ်ကျွေးနေတဲ့ သားသမီးဆိုရင် စောင့်ရှောက်တဲ့အနေနဲ့ ကုသိုလ်ယူဖြစ်တယ်ဆိုတဲ့ တိုင်ရွန်
၃။ “ဂေါင်းကြီးတို ရွာသာရွာ” ဇာတ်လမ်းတွဲကို တစ်ပိုင်းနဲ့တစ်ပိုင်း အချိတ်အဆက်လေးတွေနဲ့ အကောင်းဆုံး ပုံဖော်ထားကြတယ်ဆိုတဲ့ ခင်လှိင်
၄။ ဆောင်းက ကိုကို Team ဆိုပေမယ့် မောင်လေးတွေလည်း ချစ်ဖိုကောင်းပါတယ်ဆိုတဲ့ မမဆောင်း