
မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိ
မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF 2025)၏ မျက်နှာစုံညီအ စည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။



မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိကာ မြန်မာနိုင်ငံကို ဥရောပအာရှစီးပွားရေးသမဂ္ဂ၏ လေ့လာသူနိုင်ငံအဖြစ် ဆောလျင်စွာပါဝင်နိုင်ရန် အဆွေတော်တို့အနေဖြင့် ထောက်ခံဆောင်ရွက်ပေးပါရန်လည်း နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြားတည်ရှိပြီးဖြစ်သည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးပြုသည့်ပူးပေါင်းဆောင်ရွက်မှုနှင့် တန်းတူညီမျှမှုတို့ အပေါ်အခြေခံ၍ တက်ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ကို ကတိပြုပြောကြားလိုသည်ဟုလည်းပြောသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် EAEU ၏လုပ် ဆောင်ချက်များ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကာ ယင်း သို့ ဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်သဘာ ပတိကြီးနှင့် အဖွဲ့ဝင်နိုင်ငံများ ဥရောပအာရှစီး ပွားရေးကောင်စီရုံးချုပ်တို့မှ ဆောင်ရွက်ပေးမည်ကိုမျှော်လင့်သည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။