ဘောလုံးအားကစားကို အစပြုထားတဲ့ ဟာသဇာတ်လမ်းပုံစံ “ဂေါင်းကြီးတို့ ရွာသာရွာ” ဇာတ်လမ်းတွဲ HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသမည်

ဘောလုံးအားကစားကို အစပြုထားတဲ့ ဟာသဇာတ်လမ်းပုံစံ “ဂေါင်းကြီးတို ရွာသာရွာ” ဇာတ်လမ်းတွဲကို မနက်ဖြန် ဇွန်လ ၂၆ ရက် HEY Play Application နဲ့ Channel 7 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ ဂေါင်းကြီးတို့ ရွာသာရွာ ဇာတ်လမ်းတွဲမှာ ဂေါင်းကြီး ကာရိုက်တာနဲ့ ပါဝင်ထားပါတယ်။ စိတ်ထားကောင်းပြီး ရပ်ရွာအရေးကိစ္စဆိုရင် အားကိုးရတဲ့သူပေါ့။ ပြဿနာကိုလည်း အမြဲတမ်းမီးခွက်ထွန်း ရှာတတ်သူပေါ့နော်။ ရွာသူရွားသားတွေ ဘောလုံးအားကစားနဲ့ ပတ်သက်ပြီးတော့ ကိုယ့်အသင်း သူ့အသင်း အကြိုက်တွေမတူပုံလေးရယ် ပျော်ရွှင်စရာဟာသဇာတ်ကားလေးပါ၊ ထုတ်လွှင့်ရင်လည်း အားပေးကြပါဦး လို့ ပြောချင်ပါတယ်” လို့ သရုပ်ဆောင် ကျော်ကျော်ဗိုက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း အကယ်ဒမီ ကျော်ကျော်ဗို၊ ဇာတ်ညွှန်း သက်ဦးမောင်ကရေးသားပြီး လက်ထောက် ဒါရိုက်တာ မိုးမိုး၊ ဒါရိုက်တာ ခင်လှိုင်(ဉာဏ်ကြီးရှင်)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ အိချောပို၊ ခင်လှိုင်၊ ဇော်ဝင်းနိုင်၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဦးရွှေအိုး၊ သွက်လက်၊ စိုးမိုးကြည်၊ အကယ်ဒမီ ဝါဝါအောင်၊ ဂွမ်းပုံကြီး၊ ဇာခြည်လွင်၊ ပိုပို၊ အုန်းဒိုင်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။

“ဂေါင်းကြီးတို ရွာသာရွာ”ဟာသ ဇာတ်လမ်းတွဲကို ဇွန်လ ၂၆ ရက်နေ့မှာ HEY Play Application၊ HEY Play YouTube Channel နဲ့ Channel 7 ရုပ်သံလိုင်းတိုမှာ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ထုတ် လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၂၅-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်း ရွှေစျေး၊ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ