နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။

ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကလေးသရုပ်ဆောင်အဖြစ်ကနေ ကျောင်းသူလေးအဖြစ် “အချစ်ဆုံးသူရဲ့အထ္တုပ္ပတ္တိ”ဇာတ်လမ်းတွဲမှာပါဝင်လာတဲ့ နန်းထက်စံ