
(၂၃-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၂၃-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များကို တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့်ဆွေးနွေး
၂။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် အပတ်စဉ်(၅)သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားတက်ရောက်
၃။ မန္တလေးမြိုတွင် ရေဘေးအတွက် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်
၄။ မုတ်သုံလေနှင့် လေပွေလှိင်းများ၏အရှိန်ကြောင့် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်
၅။ UWSA ၏ မိုင်းပေါက်၌ မြေရှားသတ္တုတူးဖော်မှု (၈) ဆ ပိုများလာ
၆။ မူးယစ်တရားခံပြေး(၃)ဦးအပါအဝင် (၅)ဦးကို ငွေကျပ်သန်း(၉,၂၀၀)ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူဖမ်းမိ
၇။ အသက် ၆၅ နှစ်အရွယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲဝင်ကို ပဲခူး PDF သုံးဦးက လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဓားဖြင့်ထိုးခုတ် သတ်ဖြတ်
၈။ ဇွန်လ ၂၂ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၉၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၆၀ ကျပ်၊ Octane 95 – ၃၀၃၀ ကျပ်၊ Diesel – ၂၅၀၀ ကျပ်၊ Premium Diesel – ၃၁၀၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ အီရန်နျူကလီးယားအဆောက်အအုံသုံးခု အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား
၂။ ထရမ့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် ပါကစ္စတန်က အမည်စာရင်းတင်သွင်းမည်
၃။ ပေထုန်တန်နဲ့ ဟွန်ဆန် ဖုန်းခေါ်ဆိုမှု ပေါက်ကြားအပြီး ထိုင်းနိုင်ငံရေး လှုပ်လှုပ်ရှားရှားဖြစ်နေ
၄။ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်မည်မဟုတ်ဟု ပါတီပြောကြား
၅။ အီရန်သည် နျူလက်နက်ပိုင်ဆိုင်လိုသည့် အထောက်အထားမရှိဟု အစ္စရေးကို ပြောခဲ့ကြောင်းပူတင်ဖွင့်ဟ
၆။ အီရန်ကို ငြိမ်းချမ်းရေးယူမလား၊ ထပ်မံအတိုက်ခံမလား ဆိုတဲ့အချက်ကို သတိပေးလိုက်တဲ့ အမေရိကန်သမ္မတ
အားကစားသတင်းများ
၁။ FIFA Club World Cup ပြိုင်ပွဲ၏ ဒုတိယပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ အင်တာမီလန်အသင်း
၂။ ရာသီကြိုခြေစမ်းခရီးစဉ်တွင် တောင်ပံကစားသမား ၄ ဦးကို ခေါ်ဆောင်ခြင်း မပြုရန် မန်ယူ ဆုံးဖြတ်
၃။ လူးဝစ်ဒီယက်စ်နှင့် လီဗာပူးဂန္တဝင်များ၏ ဂျာစီလေလံမှ ငွေကျပ် ၅၁ သိန်းကျော်ရရှိ
၄။ ချဲလ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ရှုးနိမ့်
၅။ လီဗာပူးအသင်းနှင့်အတူ ဆုဖလားအားလုံးရယူလိုဟု ဖလော်ရီယန်ဗက်ဇ်ပြော
အနုပညာသတင်းများ
၁။ ထိုင်းသံရုံးမှ ကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီးနှင့် ထိုင်းရိုးရာအစားအစာနှင့်ပစ္စည်းများရောင်းချသည့် ပွဲတော် ပြုလုပ်
၂။ Miss Grand Myanmar 2025 ပြိုင်ပွဲကြီးမှာ Winner ဆုကို နမ့်ခမ်းအလှမယ် JK Sofia ဆွတ်ခူးရရှိ
၃။ စိတ်ပင်ပန်းတာ၊ အတိုက်အခိုက်ခံရမှာစိုးတာကြောင့်သမီးလေးကို အနုပညာရှင် မဖြစ်စေချင်ဘူးဆိုတဲ့ မျိုးစန္ဒီကျော်
၄။ ဗညားဘုန်းပြည့်က ဆံပင်ပုံစံပြောင်းလိုက်တော့ ဂျပန်မင်းသားနဲ့တူသွားတယ်ဆိုတဲ့ ဆုအိမ့်စံ