ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်စည်းရုံးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လူသားအရင်းအမြစ်ကောင်းများရရှိစေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အ.ထ.က(၁)အား ဇွန် ၁၀ ရက်ကကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကာ ပညာတတ်များဖြစ်မှသာလျင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများရရှိနိုင်မည်ဖြစ်ကာ ဒေသနှင့် နိုင်ငံ၏အကျိုးကိုလည်းပိုမိုဖော်ဆောင်နိုင်မည်ဟု ပြောသည်။

ထို့ကြောင့် ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်း တာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရန်၊ စာပေပညာ၊ လူမှုဆက်ဆံရေးအသိပညာများရရှိစေရေး သင်ကြားပေးရန် “အမျိုးသားစည်းကမ်းအစ စာ သင်ကျောင်းက”ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံးပညာသင်ကြားနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ရန်တို့ကိုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ပြန်လည်ပြုပြင်တည် ဆောက်ရန်လိုအပ်သည့် စာသင်ဆောင်များနှင့် ယာယီစာသင်ဆောင် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် စာသင်ဆောင်များပြန်လည်ပြု ပြင်တည်ဆောက်ရာတွင် ရေရှည်ခိုင်ခံ့ကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရန်မှာကြားပြီး စာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနေမှုကိုကြည့်ရှုအားပေးခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် ဧရာဝတီတံတား(ရတနာပုံ)၊ စစ်ကိုင်းတံတား(အင်းဝ) ဂုံးအမှတ်(၄)နှင့်(၅) အပျက်အစီးများကိုဖယ်ရှားရှင်းလင်း၍ ရေ လမ်း ကြောင်း ဖွင့်လှစ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဧရာဝတီတံတား(ရတနာပုံ)တွင် Lateral Bracing, Bearing နှင့် Pier တိုင်များပျက်စီးသည့်အခြေအ နေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၀-၆-၂၀၂၅) ရက်နေ့​ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post (၁၁-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်