သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းသာရှိတော့သဖြင့် မိမိတို့ဝာာဝန်ယူချိန်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာရှိတော့သဖြင့် မိမိတိုတာဝန်ယူ ဆောင်ရွက်ချိန်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုလုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၂၅ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားသည်။

မိမိတိုနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း၊ မိမိတိုတာဝန်ယူ ဆောင်ရွက်ချိန်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လုပ်ငန်းများကို ပိုမိုအလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ရေဝေရေလဲတောများရှိပါက ရေထိန်းသိမ်းမှုများကို ပိုမိုဆောင်ရွက်နိုင်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ အလားတူ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်” ဟုဆိုရိုးရှိကြောင်း၊ ထိုကြောင့် သစ်ပင်စိုက်ပျိုးမှုများကို အကျိုးရှိစွာဖြင့် ဆောင်ရွက်ကြစေလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်အတွင်း မိမိတိုနိုင်ငံအတွင်း မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံမှုများကို ခါးသီးစွာခံစားခဲ့ရကြောင်း၊ အလားတူ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်လည်း ထိခိုက်ပျက်စီးဆုံးရှုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှာ လူများကြောင့်ပျက်စီးမှုများရှိသကဲ့သို သဘာဝတရားကြီး၏ Climate Change ပြောင်းလဲမှုများကြောင့် ထိခိုက်မှုများ လည်းရှိကြောင်း၊ မိမိတိုအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထိုနောက် SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးကြပြီး နစကဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာ အသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြသည်။

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်း သစ်ပင် ၁၅၂,၈၄၄ ပင်ကို စုပေါင်းစိုက်ပျိုးနိုင်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃,၆၂၅ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၇-၆-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ
Next post ” အနုပညာရှင် ” များ တက်ရောက်ခဲ့တဲ့ ” မြ ” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲ အခမ်းအနား