
(၇-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
(၇-၆-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။
ပြည်တွင်းသတင်းများ
၁။ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချနိုင်ရေး ပြည်တွင်းရှိ ပလတ်စတစ် Recycle လုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်နှင့် လုပ်ထုံးလုပ်နည်းများ လိုက်နာဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ ပြောကြား
၂။ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ကို အသွင်သစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားမည်ဟု စွမ်းအင်ဝန်ကြီးပြော
၃။ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်များအလိုက်ကျင်းပ
၄။ စက်သုံးဆီ နှစ်ပတ်ဆက်တိုက် ဈေးနှုန်းအားလုံး ကျဆင်း
၅။ AA နဲ့ NUG ဩဇာခံ MTC/MDF က အသက် ၄၅ နှစ်အောက် မရာချင်းလူမျိုးတိုင်း စစ်မှုထမ်းရမယ်လို အမိန့်ထုတ်
၆။ အငြိမ်းစားသံအမတ်ကြီး ဦးချိုထွန်းအောင်၊ ဥပဒေအကြံပေး ဦးမင်းတေဇာညွန့်တင် တိုကို အပါအဝင် လုပ်ကြံမှုပေါင်း ၄ ခုကို ဆောင်ရွက်ခဲ့သူများအား ဖမ်းမိ
၇။ ဆောမြိုနယ် ညောင်ကန်ကျေးရွာရှိ အကြမ်းဖက်စခန်းကို ဗုံးကြဲရှင်းလင်း၊ ထိခိုက်သေဆုံးမှုများပြား
၈။ ဇွန်လ ၆ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၈၂၀,၀၀၀ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၈၅၅ ကျပ်၊ Octane 95 -၂၉၁၀ ကျပ်၊ Diesel – ၂၄၀၅ ကျပ်၊ Premium Diesel – ၂၉၇၀ ကျပ်
နိုင်ငံတကာသတင်းများ
၁။ ပြင်သစ်တိုက်လေယာဥ်ကို ပစ်ချနိုင်ခဲ့သော တရုတ် J-10 တိုက်လေယာဥ်များကို အင်ဒိုနီးရှားက ဝယ်ယူရန် စဥ်းစားနေ
၂။ နယ်ခြားပြဿနာ ကို ၂ နိုင်ငံချင်းပဲ ရှင်းမယ်လို ထိုင်းက ကမ္ဗောဒီးယားကိုတောင်းဆို
၃။ ICC တရားသူကြီး ၄ ဦးကို အမေရိကန်က ပိတ်ဆိုအရေးယူမှုလုပ်ပြီ
၄။ ထရန့်နှင့် ကျေအေးလိုသည့်ဆန္ဒရှိကြောင်း အီလွန်မာ့စ် အရိပ်လက္ခဏာပြ
၅။ နှစ်ပေါင်းသန်း (၅၀၀) သက်တမ်းရှိ မျက်လုံးသုံးလုံးပါ သတ္တဝါအား ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များ တွေ့ရှိ
၆။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို မိနစ် ၉၀ ကြာ ဖုန်းဆက်သွယ်ပြောဆိုမှု ပြုလုပ်
အားကစားသတင်းများ
၁။ ရွှေတံဆိပ်(၂)ခုဖြင့် နိုင်ငံဂုဏ်ဆောင်ခဲ့သည့် မြန်မာ ပိုက်ကျော်ခြင်းအဖွဲ ပြန်လည်ရောက်ရှိ
၂။ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင်မည့် အမျိုးသမီးလူငယ်လက်ရွေးစင်ဘောလုံးအသင်း ဗီယက်နမ်သိုထွက်ခွာ
၃။ နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် (၁၆) နှစ်အရွယ် မောင်အောင်သူရစံ
၄။ ရိုးရာဖို-က်တာ မိုးထက်အောင် နှင့် မွေထိုင်းဖို-က်တာ ခွန်ဖွန်နွိင်တို ယှဉ်ပြိုင်ထိုးသ-တ်မည်
၅။ အမ်ဘူမိုကို ခေါ်ယူနိုင်ရန် မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်းမည်
အနုပညာသတင်းများ
၁။ “Miss Grand Myanmar 2025” ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် မိတ်ဆက်ပေးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့
၂။ ကိုယ့်အမျိုးသမီးဖြစ်တဲ့အတွက် မျက်ကွယ်ရာဇာတ်ဝင်ခန်းတချိုမှာ လွန်လွန်ကျူးကျူးတွေ ပြောပစ်လိုက်တယ်ဆိုတဲ့ ရွှေထူး
၃။ “နှောင်းလူ” ဇာတ်ကားမှာ မိန်းမကိုအရမ်းချစ်တဲ့ အိမ်ထောင်သည် နယုန်မိုးကာရိုက်တာနဲ့ ပါဝင်ထားတယ် ဆိုတဲ့ အေးချမ်းမောင်