ဇွန်လ ဒုတိယအပတ်မှာ မင်္ဂလာဆောင်တော့မယ့် ပိုင်တံခွန်တို့ ဇနီးမောင်နှံက ချစ်စရာစုံတွဲပုံလေးတွေ ချပြ

ပြည်တွင်း ပြည်ပ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ နိုင်ငံကျော် မင်းသားပိုင်တံခွန်နဲ့ မလင်းမြဖူး@စမိုင်းလ်တို့ရဲ့ ချစ်စရာစုံတွဲပုံလေးတွေ ပရိသတ်ကို ချပြလာပါတယ်။ သူတို့ ချစ်သူစုံတွဲရဲ့ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးပွဲကို ယခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ပိုင်တံခွန်နဲ့ ချစ်သူလင်းမြဖူးတို့ရဲ့ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအတိုင်း စေ့စပ်တောင်းရမ်းမင်္ဂလာကို ကျင်းပခဲ့တာလည်းဖြစ်ပြီး လာမယ့် ဇွန်လ ဒုတိယအပတ်မှာတော့ မင်္ဂလာပွဲကြီး ကြီးကျယ်ခမ်းနားစွာကျင်းပသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြစ်ကြီးနားမြို့၌ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခုဖွင့်လှစ်ထားရ
Next post (၃-၆-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ