
မွေးနေ့ကုသိုလ်အလှူအဖြစ် ပုဂံမှာ မောင်ရှင်လောင်း ၃၁ ပါးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပပေးခဲ့တဲ့ အကယ်ဒမီ မေမြင့်မိုရ်
အလှူဒါယိကာမ အကယ်ဒမီ မေမြင့်မိုရ်ရဲ့ မွေးနေ့ကုသိုလ် အလှူအဖြစ် မောင်ရှင်လောင်း ၃၁ ပါးအလှူတော် မင်္ဂလာအခမ်းအနားကို ပုဂံမြို့၊ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။



“မေရဲ့ မွေးနေ့အကြို အလှူအနေနဲ့ ပုဂံ၊ ညောင်ဦးမြို့မှာ ရှင်လောင်း ၃၁ ပါး ရှင်ပြုပေးခဲ့ပါတယ်။ ခုလို အလှူ့အမအဖြစ်နဲ့ လှူဒါန်းခွင့်ရလို့လည်း ကြည်နူးပီတိဖြစ်ရပါတယ်။ မေတို့ မိသားစုလိုက်လေး လှူဒါန်းခွင့်ရလို့ ပျော်မိပါတယ်”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။

အဆိုပါ အလှူတော် မင်္ဂလာအခမ်းအနားကို မြင်းလှည်းလေးနဲ့ ရှင်လောင်းလှည့်ခဲ့ပါတယ်။ ရှင်အပါး ၃၁ ပါးကို ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ “ပဗ္ဗဇ္ဇ အမွေရှင်သာမဏေ” အဖြစ်သို့ သွတ်သွင်းချီးမြှောက်ခြင်းကို မေလ ၁၀ ရက်နေ့က ပုဂံမြို့မှာ ကျင်းပဖြစ်ခဲ့ကြောင်း သိရပါတယ်။
အကယ်ဒမီမေမြင့်မိုရ်ရဲ့ မွေးနေ့ကတော့ ဒီနေ့ မေလ ၁၁ ရက်နေ့လည်းဖြစ်ပါတယ်။